Part 29

2.7K 494 120
                                    

ကိုရတုက ကား Accident ကိစ္စပြီးကတည်းကပင် လင်းယံကို လက်လျှော့လိုက်ပြီဟု ဆိုကာ
ဂျေဂျေးတို့ကိုလည်း လက်လျှော့စေခဲ့သည်။

ကာယကံရှင်ကိုယ်တိုင်က လက်လျှော့ပါမယ်ဆိုတော့ ဂျေဂျေးလည်း မတတ်နိုင်။

ဒါပေမဲ့ အာကာလင်းယံကလည်း ချစ်နေတာ
အသိသာကြီးကို ဆိုတဲ့ အတွေးနဲ့ ဒီထော်လော်
ကန့်လန့် အခြေအနေကြီးကို ဂျေဂျေးလုံးဝ
အားမရ။

ဂျေဂျေး ကျောင်းပြီးလို့ မြန်မာပြည်ပြန်ရောက်တဲ့ အချိန်ကျရင်တော့ ကိုလင်းယံ ကိုရတုနဲ့
မညား မရှိစေရ။ အခန်းပိတ် ပေးစားဦးမှာ ဟု
ဂျေဂျေး တေးထားသည်။

လောလောဆယ်တော့ ဟားဗတ်ဒ်က စာတွေနဲ့တင် ခေါင်းပူနေတဲ့ ဂျေဂျေး ကိုရတုပြောတဲ့အတိုင်း ခဏ လက်လျှော့ထားလိုက်သည်။

ကိုလင်းယံတို့နဲ့ ဖုန်းပြောပြီး နောက်တစ်ရက်မှာပဲ Air DNS လေကြောင်းလိုင်းရဲ့ CEO ဖြစ်နေပြီဖြစ်တဲ့ ချစ်ရပါသောကိုကိုက ပစ်ထားလို့မရတဲ့
အလုပ်ကိစ္စတွေနဲ့ ချက်ချင်းပြန်သွား၏။

ကိုကို့ Daddy ဓနရှင်ကတော့ Air DNS တစ်ခုလုံးကို ကိုကို့ကို လွှဲလိုက်ပြီဟူ၍ အေးအေးဆေးဆေး
အိမ်မှာတင် ငုတ်တုတ်ထိုင်နေပြီ မထင်ပါနဲ့။

ဂျေဂျေး မျှော်မှန်းထားတဲ့အတိုင်း Air DNS လေကြောင်းလိုင်းကိုသာ ကိုကို့ကို ဆက်ခံသူ
နေရာ လွှဲပြောင်းပေးတာဖြစ်ပြီး တခြားဖော်ပြ
မထားတဲ့ ကျောက်စိမ်းနဲ့ရေနံလုပ်ငန်းတွေမှာ
ဦးဓနရှင်က သွားဦးစီးနေပါသတဲ့။

ဆိုလိုချင်တာက ဦးဓနရှင်က ကျောက်စိမ်းကို
အရမ်းဓာတ်ကျနေတာဖြစ်ပြီး သူ့ကျောက်စိမ်း
လုပ်ငန်းတွေမှာ ဇောက်ချလုပ်ကိုင်ချင်တာမို့
Air DNS ကို ကိုကို့လက်ထဲ "ရော့ အင့်" ဆိုပြီး ထိုးထည့်ပေးလိုက်သည့် သဘောပင်။

ကိုကို့ အရည်အချင်းကို ယုံကြည်၍လားပဲ မသိ။
ကိုကို့ Daddy ဓနရှင်က Air DNS မှာ Main ရှယ်ယာရှင် အနေနဲ့တောင် Backup Plan နဲ့ ဝင်ထားခြင်းမရှိတော့ဘဲ ကိုကို့လက်ထဲ အကုန်ပုံအောထည့်ထားပေးခဲ့ပြီး Air DNS မှပင် နှုတ်ထွက်သွားသည့် သဘော။

Jay Jay:🍩🍩Where stories live. Discover now