Part 14

6.1K 794 72
                                    

Zawgyi

ဂျေဂျေးဆီက ထွက်လာပြီးနောက်မှာ ခွန်းသ
အရင်ဆုံး လုပ်ဖြစ်တဲ့အရာက
အဝေးကြည့်မှန်ပြောင်း ဝယ်ယူခြင်းပါပဲ။

ဒီကောင်လေးကို လက်လွှတ်လိုက်ရပြီ
ဒီကောင်လေးနဲ့ ဝေးရပြီဆိုတဲ့အသိမှာ
သူ့မျက်နာ သူ့ပုံရိပ်လေးတွေကအစ
မမြင်ရတော့မှာကိုတော့ ခွန်းသ သေမလောက်
ကြောက်ပါတယ်။

အဝေးကြည့်မှန်ပြောင်းကို ဂျေဂျေး အိပ်ခန်းနဲ့
တည့်တည့်ထားလို့ ခွန်းသ Flight Schedule
တွေကို တစ်ပတ်လုံး ဖျက်ထားပြီး ဂျေဂျေး
လှုပ်ရှားမှုတွေကို ကြည့်နေမိတယ်။

မနက်လင်းလို့ ပြတင်းတံခါးတောင် ဆွဲမဖွင့်တော့တဲ့ အိပ်ခန်းလေးကို မြင်တဲ့အခါ ဂျေဂျေး ပြိုလဲနေပြီ
ဆိုတာ ဂျေဂျေးကို အလွတ်နေရခဲ့တဲ့ ခွန်းသက
ရင်နာနာနဲ့ တန်းသိပါတယ်..

တစ်ပတ်ပြည့်တဲ့နေ့မှာတော့ လိုက်ကာကို
ဆွဲတင်ပြီး ဖွင့်လိုက်တဲ့ ပြတင်းပေါက်ကနေ
မြင်လိုက်ရတာက
မျက်ကွင်းတွေညိုမဲပြီး ခေါင်းစုတ်ဖွားလးနဲ့
ထလာတဲ့ ဂျေဂျေး..
ခွန်းသ ရင်ထဲကို နင့်သွားလိုက်ရတာ...

ခဏနေတော့ ရေမိုးချိုး ပြင်ဆင်ပြီးတော့
ကျောင်းသွားဖို့ ပြင်ဆင်နေတဲ့ ဂျေဂျေးကို
တွေ့ရတဲ့အခါ ကိုကို့ဂျေဂျေးက အချစ်နဲ့ဘဝကို
သက်သက်စီခွဲထားနိုင်တဲ့ တကယ့်လူတော်လေးလို့
ဂုဏ်ယူပြီး ခွန်းသ ပြုံးနေမိတယ်။

ကျောင်းမှာရော အဆင်ပြေရဲ့လားလို့
သိချင်တဲ့အခါ ဂျေဂျေးတို့ အတန်းထဲက
နွမ်းပါးတဲ့ကောင်လေးတစ်ယောက်ကို ပက်ဆံနဲ့
ငှားရမ်းလို့ Stalk ခိုင်းရပါတယ်။

ဂျေဂျေးကကျောင်းမှာလည်း အရင်လိုပဲ စာကြိုးနေဆဲ
ထူးချွန်နေဆဲ ကျောင်းသားကောင်းတစ်ယောက်လို့
ကြားသိရတဲ့အခါ ကိုကို့ထက် ဂျေဂျေးက အများကြီး
သန်မာပါလားလို့ အလွမ်းတွေကြားထဲက
ခွန်းသက နင့်နင့်သီးသီးရယ်မိတယ်။

စားမကောင်းတော့တဲ့ ထမင်းဟင်းတွေ၊
ဘယ်လို စားစားမ၀င်တော့တဲ့ သရေစာမုန့်တွေ၊
ဂျေဂျေးဖျော်တိုက်တဲ့ ဆန်ချိုအေးမှ မဟုတ်ရင်
မသောက်ချင်ဘူးဆိုတဲ့ စိတ်ဆန္ဒတွေ၊
ဂျေဂျေးချက်ကျွေးတဲ့ ဟင်းမှ မဟုတ်ရင်
စားချင်စိတ်မရှိဘူးဆိုတဲ့ အာသီသတွေ၊
တစ်ဖက်ခြံ အိပ်ခန်းက မီးလေးပိတ်သွားမှ
သက်ပြင်းကို ခပ်ဖြည်းဖြည်းချလို့ အိပ်ဆေးအကူနဲ့
ကြိတ်မှိတ်အိပ်ခဲ့ရတဲ့ ညတွေ...

Jay Jay:🍩🍩Where stories live. Discover now