Part 25

4.5K 690 97
                                    

Zawgyi

"ကိုကို Flight ဆင်းဆင်းချင်း
တန်းလာတာလား"

"ဟုတ်တယ်ဗျ ကိုကို့ကလေးကို
အရမ်းလွမ်းနေလို့"

"ဂျေဂျေးကတော့ မလွမ်းပါဘူးနော်"

"တကယ်လား အဲ့တာဆို ကိုကိုပြန်ပြီ"
ကိုကိုက စားပွဲပေါ်ပစ်ချထားတဲ့ Amax
Black Card နဲ့ phone ကို ဆွဲယူပြီး
ထပြန်မယ် လုပ်တယ်။

မြန်မာကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့
အမေရိက ကို လာခြင်းမှာ ဂျေဂျေးရဲ့
ဘောစိကိုကိုက ဘာအိတ်မှ ဆွဲယူမလာဘဲ
Black Card တစ်ကတ်တည်းနဲ့ အဟုတ်ကို
ရောက်ချလာတာပါပဲ။

ဘာလို့ အဝတ်အစားတွေ ယူမလာတာလဲ
မေးရင် " ဂျေဂျေး အကျီတွေ ဝတ်မှာပေါ့" လို့
ပြောရင်ပြောမည်။

သို့တည်းမဟုတ် "ကိုကိုအကျီတွေ သိပ်မရှိတော့လို့
ဒီရောက်မှ ဝယ်သွားမလို့" ဆိုသည့် မဟုတ်တန်း
တရား မဖြစ်နိုင်တဲ့ စကားတွေကို ပြောနေလိမ့်ဦး
မည်။

ဒီကိုကိုနဲ့တော့ ခက်တယ်~~~

"စတာပါ ဘဲကြီးရယ်
ဂျေဂျေးလောက် လွမ်းတာ ဂျေဂျေးပဲ ရှိမယ်"
ဂျေဂျေး ပြောပြီးတာနဲ့ မတ်တပ်ထရပ်ပြီး ပြန်မလို
သရုပ်ဆောင်နေတဲ့ ကိုကို့ရှေ့ကနေ ခါးလေးကို
ဖက်လိုက်သည်။

"လွမ်းနေတာဗျ
အနားလာဖို့ ခေါ်ချင်ပေမဲ့ ကိုကို မအားပါဘူးလေ
ဆိုတာနဲ့ စိတ်ထိန်းထားခဲ့ရတာ"

ဂျေဂျေးရဲ့ စကားသံခပ်တိုးတိုးမှာတော့
ကိုကိုက ဖုန်းနဲ့ကတ်ကို ပစ်ချပြီး
ဂျေဂျေးကို ကောက်ပွေ့တယ်။

ခါးထစ်ခွင်ချီသလို ဂျေဂျေးအရပ်ရှည်ကြီးကို
ကိုကိုက နိုင်အောင် ပွေ့ချီပြီး ဂျေဂျေးနှုတ်ခမ်းကို
မော့နမ်းတယ်။

"ပြွတ်စ်"

"ကိုကို မလေးဘူးလား"

Gym ကောင်းကောင်းကစားထားတဲ့  ဂျေဂျေး
က ကိုကို့ထက် လူကောင်သေးပြီး ပိန်တယ်
ဆိုဦးတော့။
ကျစ်လစ်နေတဲ့ ကြွက်သားတွေနဲ့ ၅ပေ ၁၁ခွဲ အရပ်ရဲ့
အရိုးတွေက လေးနေမှာပင်။

"လေး...တာ..ပေါ့"
ဖျစ်ညစ်ပြီး ပြောနေတဲ့ ကိုကို့ကို အသည်းယားသလို
သနားလည်း သနားရသည်။

Jay Jay:🍩🍩Where stories live. Discover now