Part 22

5.1K 765 134
                                    

Zawgyi

ညနေ ၆နာရီလောက် Bar ရောက်သွားတော့
ကိုကိုက VIP Room သက်သက်မှာထားတယ်ဆိုတာကြောင့် ဂျေဂျေး အခန်းနံပါတ်ကို ရှာနေမိသည်။

"ဂျေး"

ဂျေဂျေးဆီ လှမ်းလာနေတဲ့ ကိုကို့ကို တွေ့လိုက်ရ
သည်။

ဒီနေ့ ကိုကိုက တခြားနေ့တွေနဲ့မတူ။
နက်ကတိုင်နဲ့ Suit တွေကို တစ်မျိုးပြီးတစ်မျိုး
အရောင်မထပ်အောင် အမြဲ ဝတ်ဆင်တတ်တဲ့ ကိုကိုက ဒီနေ့တော့ ဂျင်းဘောင်းဘီ အပြာလေးရယ်
ရှပ်အကျီ အဖြူလေးရယ် ရိုးရိုးလေးကိုမှ လူငယ်
ဆန်ဆန် ဝတ်ဆင်ထားသည်။

ိနာရီကတော့ အထူးတလည် ပြောင်းမလာ..။
ကိုကိုပတ်နေကျ Rolex ကိုမှ ဒီနေ့က အပြာရောင်
လေး...။

Shoe ဖိနပ်ကိုလည်း စီးနေကျ ပြောင်ပြောင်
ရောင်ရောင် Gentle man Shoe တွေ မစီး
တော့ဘဲ ဂျေဂျေးစီးနေကျ Nike Sneaker တွေ
ထဲကမှ Nike အဖြူရောင်ဖိနပ်လေးနဲ့...။

Hair coat တွေနဲ့ ဆံပင်ကို အမြဲနောက်လှန်ပြီး
ဖီးသင်ထားတတ်တဲ့ ကိုကိုက အခုတော့
နောက်လှန်မထားဘဲ ဒီတိုင်းလေးပဲ နဖူးပေါ်
ဝဲကျနေစေသည်။

လူငယ်ဆန်တာမှ တော်တော့်ကို လူငယ်ဆန်နေပြီး
၁၈နှစ်သား ကောင်လေးတစ်ယောက်လို
နုပျိုလန်းဆန်းနေတာပဲ ဖြစ်သည်။

(လူငယ်ဆန်ဆန် KoKo ❤️)အဝေးကနေ လှမ်းလာရင်းတောင် ပြုံးပြနေတာများနှုတ်ခမ်းလေးမှာတင် မဟုတ်ဘဲ မျက်ဝန်းညိုညိုတွေထိပါ နွေးနွေးထွေးထွေး ပြုံးနေတဲ့ ကိုကို။

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

(လူငယ်ဆန်ဆန် KoKo ❤️)
အဝေးကနေ လှမ်းလာရင်းတောင် ပြုံးပြနေတာများ
နှုတ်ခမ်းလေးမှာတင် မဟုတ်ဘဲ မျက်ဝန်းညိုညိုတွေထိပါ နွေးနွေးထွေးထွေး ပြုံးနေတဲ့ ကိုကို။

အင်း....ပြသနာက အခုမှ စတာ....။

ကိုကို့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်
ဆိုတာကြောင့် ကိုကိုနဲ့ရွယ်တူ လုပ်ငန်းရှင်
သူငယ်ချင်းတွေကြားထဲ ဂျေဂျေးက
ဟော့ဟော့ရမ်းရမ်း ဖြစ်မနေချင်။

Jay Jay:🍩🍩Opowieści tętniące życiem. Odkryj je teraz