Part 36

3K 489 79
                                    

(A/N-ဒီအပိုင်းအတွက် သီချင်းလေး နားထောင်ဖို့ မမေ့ပါနဲ့...💛)

လင်းယံ ခိုင်ရွှေဝါလမ်းကြားထဲရောက်‌ပြီး
လှည့်ပတ်ကြည့်တော့ ထီးထီးကြီး တည်ရှိနေသော ကွန်ဒိုတိုက်ခန်းတွေ အများကြီးနဲ့
၅ ထပ် တိုက်ကြီး တစ်တိုက်သာ ရှိသည်။

တစ်တိုက်လုံးက မှောင်မဲနေပေမဲ့ အခန်းတစ်ခုကသာ ထူးထူးခြားခြား မီးရောင်ရှိနေသည်။

တိုက်ပေါ်ကို ပြေးတက်ပြီး ကြည့်လိုက်တော့
မိုးသားနောင် ပြောတဲ့ တိုက်ခန်းနံပါတ် 105 ပဲမို့
လင်းယံ တံခါးကို အမြန် ဆွဲဖွင့်လိုက်သည်။

တံခါးက လွယ်လွယ်ကူကူပင် ဆွဲဖွင့်လို့ ရပြီး
လင်းယံ အခန်းထဲကို ပြေးဝင်ပြီး ရတုကို
ရှာရသည်။

"ရတု...ရတု "

လူတစ်ယောက်ကိုမှ မတွေ့‌သေးတာမို့
လင်းယံ အော်ခေါ်နေရင်း ရင်‌တွေ ပူလာသည်။

တိုက်ခန်းရဲ့ ဧည့်ခန်းထဲမှာလည်း ရှာမတွေ့၊
မီးဖိုချောင်ထဲလည်း ‌မတွေ့တာမို့ ဆက်ဝင်သွားတော့ အိပ်ခန်းလို အခန်းတစ်ခန်းကို တွေ့သည်မို့ လင်းယံ စိတ်လောလောနဲ့ပဲ တံခါးကို ကန်ဆောင့်ဖွင့်လိုက်သည်။

အခန်းတစ်ခန်းလုံးက ရှုပ်ပွနေခဲ့ပြီး ကုတင်ပေါ်မှာတော့...

တွေ့ပါပြီ လင်းယံရဲ့ ရတု..။

အိပ်ပျော်နေပုံ ရတဲ့ ရတုဆီ အမြန်ထွေးပွေ့
လိုက်တဲ့ထိ ရင်ခွင်ထဲက ရတုက နိုးမလာသေး။

အပေါ်ပိုင်း ဗလာကျင်းနေတဲ့ ရတုကို
လင်းယံ မကြည့်ရက်နိုင်စွာ စောင်နဲ့ပတ်‌ပေးရင်း
မျက်ရည်က ကျလာသည်။

ရတုရဲ့ လည်ပင်းတစ််ဝိုက်နဲ့ ရင်ဘတ်တစ်ခုလုံးမှာ အနီကွက်တွေဟာ အများအပြား။

အိပ်ရာခင်းအဖြူပေါ်က နီနီရဲရဲ သွေးကွက်တွေကို မြင်တဲ့အခါ လင်းယံ ဘယ်လိုမှ မထိန်းနိုင်တော့...။

Jay Jay:🍩🍩Where stories live. Discover now