Part 21

5.6K 812 59
                                    

Zawgyi

Massachusetts မြို့ ရဲ့ တိုက်ခန်းလေးတစ်ခုထဲမှာ
ဂျေဂျေးက ကိုကိုစားချင်တဲ့အစားအစားမှန်သမျှ
မရရတဲ့ နည်းနဲ့ ချက်ကျွေးလိုက်၊ ဥပမာ မုန့်ဟင်းခါး စားချင်တယ်ဆိုလို့ Market မှာ ငါးတွေသွားဝယ်ပြီး အိမ်လုပ်မုန့်ဟင်းခါးကို ကိုယ်တိုင် ချက်ကျွေးရတာမျိုး၊ ကိုကိုကလည်း ဂျေဂျေးနားက မခွာဘဲ
လိုက်စနေရင်း ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်း
ဖြစ်ခဲ့ကြတာ ၁၀ ရက်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီ ၁၀ ရက်အတွင်း Califonia ရုံးခွဲမှာ ရှိနေရမဲ့
ကိုကိုက Massachusetts ကနေပဲ ညွှန်ကြားရင်း
ဂျေဂျေးနားမှာ တောက်တဲ့လို တွယ်ကပ်နေခဲ့တာ
ပဲ ဖြစ်သည်။

ကြားထဲ မသွားမဖြစ် အစည်းအဝေးတွေကြောင့် Califonia ကို နေ့ချင်းပြန်၂ခါလောက် သွားလိုက်ရတာကလွဲရင် ကိုကိုက သူ့အချိန်တွေ အားလုံးကို
ဂျေဂျေး ကိုပဲ ရက်ရက်ရောရော ပေးနေခဲ့တာပင်။

သူအရမ်းချစ်တဲ့ Pilot အလုပ်ကိုတောင် ဂျေဂျေးနဲ့အတူတူ နေချင်လို့ တစ်လတိတိခွင့်ယူထားပါသတဲ့လေ....။

ခေါင်ဖုန်းနဲ့ Morin ကတော့ ဂျေဂျေးတို့နဲ့
လျှောက်လည်ပြီး နောက်တစ်နေ့မှာပဲ မြန်မာပြည်ကို
ကိုယ်စီ ပြန်သွားကြလေရဲ့..။

Harvard ရဲ့ Winter Break က December
19 ကနေ January 4 ထိ ၁၇ ရက်ပဲ
ကျောင်းပိတ်ရက်ပေးတာမို့ ရတဲ့အချိန်လေး
သူတို့မိသားစုနဲ့ နေဖို့ အိမ်ပြန်သွားကြတာပဲ
ဖြစ်သည်။

ဂျေဂျေးကသာ မာမီ့ကို ပစ်ထားပြီး
ကိုကိုနဲ့ ပျော်နေမိတာ...။

မနေ့ညကမှ ဖုန်းဆက်လိုက်တော့
မာမီ သားငယ်ကို လွမ်းလိုက်တာဆိုတဲ့
စကားကြားတော့ ဂျေဂျေး စိတ်မကောင်း။

ဂျေဂျေးလည်း အမှန်အတိုင်းပြောရရင်
မာမီ့ကို လွမ်းနေပါပြီ...။

နှစ်ယောက်တည်းရုန်းကန်ခဲ့ရတဲ့ အမေတစ်ခု
သားတစ်ခု ဘဝမှာ ဂျေဂျေးအတွက် အဖိုးမဖြတ်
နိုင်ဆုံး တန်ဖိုးအကြီးဆုံး ဆွေမျိုးရင်းချာသည်
မာမီပါပဲ...။

အိပ်ရာထဲက LAPTOP တစ်လုံးနဲ့ အလုပ်ရှုပ်
နေတဲ့ ကိုကို့ပေါင်ပေါ်မှာ ဂျေဂျေးကန့်လန့်ဖြတ်လှဲ
ပြီး ဟိုဟိုဒီဒီစဉ်းစားနေရင်း
ကိုကို့ကို မော့ကြည့်လိုက်တယ်။

Jay Jay:🍩🍩Where stories live. Discover now