Part 38

3.4K 531 178
                                    

အခန်းထဲမှာ အားလုံးအမောဖြေပြီး စိတ်ငြိမ်သွားတော့မှ အာကာလင်းယံ စကားစသည်။

တစ်ချိန်လုံး စားပွဲခုံအောက်က ထွက်မလာတဲ့
ဗီလိန်မင်းသား အလောင်းအလျာကိုလည်း
အာကာလင်းယံကပင်
"ဟိုအကောင် ထွက်လာလို့ရပြီ" ဟု ခေါ်ယူရသည်။

"ဆိုတော့ မိုးသားနောင်နဲ့ ကား Showroom မှာ
စဆုံကတည်းက မင်းတို့လက်ချက်ပေါ့
ဟုတ်လား ခွန်းသ"

"ငါတို့လက်ချက်ဆိုတာထက် ငါ့ကလေး
ဂျေဂျေးလက်ချက်ပါကွာ...." လို့တော့
ခွန်းသ စိတ်ထဲကပဲ ခပ်တိုးတိုး
ရေရွတ်ဖြစ်သည်။

"ဟို...ကိုကို့ထက် ကျွန်တော့်ရဲ့ အကြံက ပိုများတာပါ ကိုကိုက နောက်က ဆပို့တင်း လိုက်လုပ်
ပေးရုံပါပဲ"

"မင်းကြီးတော် ဆပို့တင်းးး
ကံကောင်းလို့ လူသတ်မှု မဖြစ်တယ်"

အာကာလင်းယံ ဒေါသလျှော့နေရင်းကြားက
ပါးစပ်က လွှတ်ခနဲ ထွက်သွားသေးသည်။

ဂျေဂျေးက အိုးတိုးအမ်းတမ်းပုံစံလေးနဲ့ ဝင်ရှင်းပြတာမြင်ရတော့ ဘေးနားက အားနာတတ်တဲ့ ကိုရတုက ကိုလင်းယံလက်ကို မသိမသာ ထိပြီး
အချက်ပြ စိတ်လျှော့ခိုင်းတာကို မြင်လိုက်ရသည်။

ထိုအခါမှ ကိုကို့ဆီ တထိုးထိုး ဖြစ်နေတဲ့ ကိုလင်းယံ မျက်စောင်းကြီးဟာလည်း အနည်းငယ်
ပြေလျော့သွားသည်။

အာကာလင်းယံ ဒေါသကြီးတာ ဂျေဂျေးလည်း
သိပေမဲ့ ကိုရတုနဲ့ ပက်သက်ရင် ၁၀ ဆလောက်
ပိုမြင့်တက်သွားတဲ့ ဒေါသကိုတော့
ကား showroom ကနေ မျက်နှာငယ်နဲ့ ပြန်လာတဲ့ မိုးသားနောင်ကို တွေ့ကာမှ ပိုသိခဲ့ရတာ
ဖြစ်သည်။

"ညီခေတ်လွန်းနောင်
မင်းရဲ့ မိတ်ဆွေကလည်းကွာ
ဒေါသနည်းနည်းကြီးတတ်တယ်ဆိုတာရော
ဟုတ်ရဲ့လား
ငါထင်တာတော့ တော်တော်ကြီးတာနော.....
ကား showroom ထဲမှာ ဒီလောက် လူတွေအများကြီးရှိနေတာတောင် ငါ့ဘယ်ချိန် ဆွဲထိုးမလဲလို့
ကြောက်နေရတာကွ"

ပထမအကြိမ် ကိုလင်းယံကို တွေ့ပြီးကတည်းက
"မလုပ်ပါရစေနဲ့တော့ ရုပ်ရှင်မင်းသား
မဖြစ်ခင် ခြေကျိုးလက်ကျိုးမင်းသား
ဖြစ်သွားမှာ ကြောက်လှပါသည်" ဟု
မိုးသားနောင်က ဖင်ဆီဘူးခါ ငြင်းခဲ့သည်။

Jay Jay:🍩🍩Where stories live. Discover now