Part 2

8.5K 979 30
                                    

Zawgyi

ဦးဓနရှင် ဘေးဘက်အိမ်က သားအမိအကြောင်းကို
စုံစမ်းခိုင်းထားသလောက်က သား အရမ်းချစ်တဲ့
ဟိုကလေးနာမည်က ညီခေတ်လွန်းနောင်။
သူ့အမေနာမည်က ဒေါ်နန်းဝတီလွန်း။

ဒေါ်နန်းဝတီလွန်းက ရှမ်းပြည်နယ် အရှေ့ပိုင်း
မိုင်းဆတ်မြို့က ဘိုးစဉ်ဘောင်ဆက် ချမ်းသာတဲ့
စော်ဘွားအနွယ်ဝင် မိသားစုက ဆင်းသက်လာတဲ့
သမီးလေး။

အိမ်ထောင်သက် ၄နှစ်အကြာမှာ ခင်ပွန်းက
နှလုံးရောဂါနဲ့ ဆုံးပါးသွားတာပေမဲ့ ရှေးရိုးစွဲ အစဉ်
အလာတွေ နတ်တွေ ကိုးကွယ်ကြတဲ့ နန်းဝတီလွန်းရဲ့ ဆွေမျိုးနဲ့ ယောက္ခမတွေက လင်ယောကျာ်း
စောစောဆုံးပါးပြီး မုဆိုးမ ဖြစ်ရခြင်းက
ညီခေတ်လွန်းနောင်လေး မွေးဖွားလာလို့ ဟူ၍
တစ်ဖက်သတ် စွတ်စွဲပြီးမကြည်ဖြူ ကြ။

မုဆိုးမ နန်းဝတီလွန်းနဲ့ လသားအရွယ် ကလေးလေးကို သူတို့ဆီပါ ကံဆိုးမှုတွေ
ကူးစက်စေမည်ဟု ယူဆကာ တမျိုးလုံး တဆွေလုံးက ပယ်ထားကြသည်။ အဆိုးဆုံးက နန်းဝတီလွန်းရဲ့ အဖေနဲ့အမေကပါ ညီခေတ်လွန်းနောင်လေးကို
တခြားလူတွေစကား နားယောင်ပြီး တကယ်ပဲ သူ့သမီးနဲ့သမက်ကို ကံဆိုးစေသလားဟု ယုံလာပြီး
မြေးအရင်းကိုပင် မချီပိုးချင်တော့။

ညီခေတ်လွန်းနောင်လေး ၃နှစ်သား အရွယ်မှာပဲ
သူ့အဖိုးနဲ့အဖွားကပါ လူကြီးရောဂါနဲ့
ရှေ့ဆင့်နောက်ဆင့် ဆုံးပါးပြန်တော့ အကုန်လုံးက"ကျက်သရေယုတ်တဲ့သား "
"ကံဆိုးစေတဲ့သား"
ဟူ၍ ပိုပြီး ပစ်ပစ်ခါခါ ပြောလာကြသည်။

နန်းဝတီလွန်းက ဒီလိုယုတ္တိမရှိတဲ့ အယူအဆတွေနဲ့
အတွေးအခေါ်တွေကို လက်မခံ။
သူမက ၂၁ ရာစု ခေတ်ထဲမှာ နေထိုင်နေတာ
ဖြစ်ပြီး တစ်မျိုးလုံးမှာ တစ်မိပေါက်
တစ်ယောက်ထွန်း BE နဲ့
ဘွဲ့ရထားတဲ့ ပညာတတ်အမျိုးသမီး။
မိန်းမသား တစ်ယောက်က အိမ်မှုကိစ္စနိုင်နင်းရုံနဲ့
မယားဝတ္တရားကျေပွန်တဲ့ မိန်းမကောင်းတစ်ယောက်
ဖြစ်ပြီ ဟူသော ခေတ်နောက်ပြန်ဆွဲတဲ့
ရှေးရိုးစွဲအမူအကျင့်တွေကို မုန်းသည်။

သူမ ယောကျာ်းရှိစဉ်ကတည်းက သူမက ရန်ကုန်လို
မြို့ကြီးပြကြီးမှာ အခြေချပြီး သူမ တတ်ထားတဲ့
အတတ်ပညာနဲ့ အစွမ်းအစတွေကို အကောင်
အထည်ဖော် ထုတ်ပြချင်သည်။

Jay Jay:🍩🍩Where stories live. Discover now