Part 34

2.7K 478 63
                                    

ညပိုင်း လင်းယံ ခွန်းသတို့နဲ့ ဘားမှာ ဆုံပြီး
အိမ်ကိုပြန်ရောက်တော့ အနည်းငယ် ရီဝေ​ဝေ
ဖြစ်နေသည်။

ဘယ်နှစ်နာရီရှိပြီလဲ ကြည့်ဖို့ ဖုန်းကို ဘောင်းဘီအိတ်ထဲ ရှာကြည့်တော့ မတွေ့။

"ဟမ် ..BAR မှာများ ပြုတ်ကျ ကျန်ခဲ့သလား??
ထားလိုက်တော့ကွာ
ဆိုင်က ကလေးတွေ သိမ်းပေးထားလိမ့်မယ်"

ကိုယ့်အပိုင် BAR ရဲ့ VIP Room ထဲကျန်ခဲ့တာမို့
လင်းယံ သိပ်စိတ်ပူမနေဘဲ အိပ်ယာပေါ် ပစ်လှဲပြီး
အိပ်ဖို့ကြံလိုက်သည်။

လင်းယံ အိပ်ကောင်းနေတုန်း
"ကလင် ကလင် ကလင်..."

ဖုန်း Ringtone သံက
ကျယ်လောင်စွာ မြည်လာသည်။

"ဟင် ဘယ်ကောင်လဲကွ
ညကြီး သန်းခေါင်!!"

လင်းယံ အိပ်ယာပေါ် အလူးလူးအလိမ့်လိမ့်နှင့်
ဖုန်းကို လိုက်ရှာနေမိသည်။

နောက်မှ သတိရသွားတာက လင်းယံ ဖုန်းက
Bar မှာ မေ့ကျန်ခဲ့တာဖြစ်ပြီး အခု မြည်နေတဲ့
ဖုန်း Ringtone ကလည်း လင်းယံရဲ့ Ringtone အသံမှ မဟုတ်ပေဘဲ..။

"ဘယ်က မြည်နေတာလဲဟ"
အိပ်ချင်မူးတူးနဲ့ထရှာရင်း တွေ့ပါပြီ။

လင်းယံ ကုတင်ခြေရင်းမှာ ချွတ်ထားတဲ့ ဂျာကင်ဆီက အသံကပေါ်ထွက်လာခြင်းဖြစ်သည်။

ကုတင်ပေါ်ကနေ စိတ်မကြည်စွာ ဆင်းရင်း
လင်းယံ ဖုန်းကိုဆွဲထုတ်ရင်း ကိုင်လိုက်သည်။

"Hello"

"Hello .... Brother..."

"ဘယ်သူလဲ"

"ကျွန်တော့် အသံကိုတောင် မမှတ်မိတော့ဘူးလား
ဘဲကြီးရယ်
နေ့လည်ကမှ ပူပူနွေးနွေး တွေ့ထားတာကို..
ဟက်ဟက်"

ဘဲကြီးရာ ဆိုတဲ့ အခေါ်အဝေါ်နဲ့ ခြောက်ကပ်ကပ်
ရယ်သံအဆုံးမှာ လင်းယံ ရီဝေဝေဖြစ်နေတာတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်သည်။

"မင်း...မိုးသားနောင်..?"

"အော်ဟော်...ဘဲကြီးက နာမည်တော့
မှတ်မိသားပဲ"

"မင်း ဘာလို့ ဖုန်းဆက်တာလဲ
‌ဒါကရော ဘယ်သူ့ဖုန်းလဲ?
မိုးသားနောင် ငါ့ကို ရန်လာမစနဲ့
ငါ မင်းလိုကောင်နဲ့ စောက်ဇယားထပ်မရှုပ်ချင်ဘူး"

Jay Jay:🍩🍩Wo Geschichten leben. Entdecke jetzt