Part 35

2.7K 541 58
                                    

ကားသော့ကို ဆွဲယူပြီး အိမ်တံခါးကို အလောတကြီးဖွင့်လို့ လင်းယံ လှေကားထစ်တွေကို ကျော်ခွဆင်းပြီး အောက်ထပ် ကားပါကင်ကို ပြေးသည်။

အိမ်တံခါး ပိတ်ခဲ့လား မပိတ်ခဲ့လားတွေ
စဉ်းစားဖို့ အချိန်မရှိ။

လင်းယံ အခု သိတာ ရတု....။

ရတု ဘာမှ မဖြစ်ဖို့၊ ရတု အန္တရာယ်ကင်းဖို့
ဆိုတဲ့ အတွေးတွေနဲ့ ကားကို အမြင့်ဆုံး
အရှိန်ထိ တင်မောင်းနေသည်။

ခိုင်ရွှေဝါလမ်းကြားဆို လင်းယံ အိမ်ကနေ
နာရီဝက်လောက် မောင်းရမည်ဖြစ်သည်။

ညသန်းခေါင် ၂နာရီကျော်မို့ ရန်ကုန်မြို့ရဲ့
လမ်းမကြီးတွေက ကားတစ်စီးမှ မရှိဘဲ
ရှင်းလင်းနေသည်။

ကားကို မိုင်ကုန်မောင်းရင်း  မိုးသားနောင်ရဲ့
"သက်မဲ့အရုပ်ကလေးကိုပဲ ကောက်ရမယ်" ဆိုတဲ့ စကားတွေက လင်းယံ နားထဲ တဝဲလည်လည်။

လင်းယံ ထိန်းထားရင်းက မျက်ရည်တွေ
စီးကျလာသည်။

"ဘယ်လိုလုပ်ရမလဲ ကိုကြီးရာ
ကျွန်တော့်ကြောင့် ရတု တစ်ခုခုဖြစ်သွားရင်
ကျွန်တော် သေလိမ့်မယ်"

ကားမောင်းရင်း တတွတ်တွတ် ရွတ်လို့
တိုင်တည်မိတာက ၁၀ နှစ်ကျော်ကြီးတဲ့
အာကာလင်းယံ ရဲ့ သွေးသားရင်းချာ
အကို ဖြစ်သူ "ရာဇာလင်းယံ"။

အာကာလင်းယံ မှာ အစ်ကို တစ်ယောက်ရှိကြောင်း သူငယ်ချင်းရင်းချာဖြစ်သူ
ခွန်းသတောင်မသိ။

အာကာလင်းယံရဲ့ အစဉ်အဆက်မိသားစုနောက်ခံ သည် အာကာလင်းယံပုံစံနှင့် ဆန့်ကျင်ဘက်  နန်းဆန်ပြီး တော်ဝင်သွေးရောတဲ့ စော်ဘွားမျိုးနွယ်ကြီး ဆိုတာရောပင်...။

အာကာလင်းယံ အသက် ၈ နှစ် အရွယ်မှာ
အစ်ကို ဖြစ်သူ ရာဇာလင်းယံ က  သူ့ချစ်သူ
ကောင်လေးလက်ကို တွဲလို့ လင်းယံ မယ်တော်ကြီး(အဖွား) အပါအဝင် မိဘတွေရှေ့မှာ သဘောတူပေးဖို့ ဒူးထောက်တောင်းဆိုခဲ့သည်။

ကိုကြီးချစ်သူ ကောင်လေးက ရတုလို ပိန်ပိန်ပါးပါး ဖြူဖြူဖျော့ဖျော့လေး။
အားငယ်ကြောက်လန့်နေဟန်လည်း ရှိသည်။

Jay Jay:🍩🍩Where stories live. Discover now