Part 41

2.6K 306 119
                                    

ဒီနေ့က ကိုကိုနဲ့ ဂျေဂျေးတို့ချစ်သူ သက်တမ်း ဆယ်လ ပြည့်တဲ့ Anni Date ဖြစ်ပြီး ဂျေဂျေး Massachusetts ကို ပြန်ရောက်တည်းက ကိုကိုနဲ့ မတွေ့ရတာလည်း တစ်လပြည့်ပြီ ဖြစ်သည်။

ဂျေဂျေး ဒီကို ပြန်ရောက်ခါစက၂ ပတ်လောက်နေရင် " ကိုကို ဂျေဂျေးဆီ ခဏဝင်ခဲ့မယ်"ဆိုတဲ့ ကိုကိုက တကယ်တမ်း အဲ့ဒီနေ့မှာ အရေးပေါ်အစည်းအဝေးတွေနဲ့ Flight လမ်းကြောင်းကိုပါ ဖျက်လိုက်ရသည် ဖြစ်၏။

နောက်အပတ်တွေကျတော့လည်း Flight လမ်းကြောင်း မသင့်တာမို့ ကိုကို ဂျေဂျေးဆီလာဖို့ အခွင့်မသာခဲ့။

အလုပ်တွေရှုပ်ပြီး ပင်ပန်းနေတဲ့ ကိုကို့ကို ဖိအားမပေးချင်တဲ့ ဂျေဂျေးကလည်း Vd call နဲ့တင်
ကျေနပ်နိုင်ခဲ့ပါသည်။

ဒီနေ့တော့ ကိုကိုနဲ့ ချစ်သူဖြစ်တာ ၁၀ လပြည့်လည်းဖြစ်၊ ကျောင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် ပိတ်သည်မို့ မနက်မိုးလင်းတည်းက ကိုကို့ကို ခါတိုင်းနေ့တွေထက် ပိုသတိရလွမ်းနေမိသည်။

ဖုန်းဆက်ဖို့တောင် ကိုကိုက ဒီနေ့ Flight Schedule ရှိတာမို့ ဂျေဂျေး ပိုအထီးကျန်သွား၏။

ခေါင်ဖုန်းနဲ့ မိုရင်းကိုခေါ်ကာ မနက်စာ အတူစား
ကျောင်းစာ တချို့ပြန်လုပ်ရင်း တစ်နေကုန်
သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းနေပေမဲ့ စိတ်ကတော့ ကိုကို့ဆီသာ တဝဲလည်လည်...။

ညနေစောင်း တိုက်ခန်းပြန်ရောက်တော့ ဂျေဂျေး တစ်ကိုယ်လုံး ငြီးစီစီနှင့် နေလို့မကောင်း။

ရေချိုးမယ်ကြံရင်း တံခါးဝက ဘဲလ်တီးသံကြားတော့ ကိုကိုများလားဆိုသည့် အတွေးနှင့်
ဝုန်းခနဲ ပြေးသွားမိသည်။

ညစာချက်စားဖို့ ပျင်းနေတာမို့ ဂျေဂျေးကိုယ်တိုင်ပင် ပီဇာကို Delivery မှာထားသည့်အကြောင်း
ရုတ်တရက် မေ့သွားတာပဲ ဖြစ်သည်။

ပီဇာထုပ်ကို စိတ်ပျက်လက်ပျက် စားပွဲပေါ်ပစ်တင်လိုက်ရင်း မတ်တပ်ကြီး ငိုင်နေမိ၏။

မနက်စာ တစ်မျိုးတည်း စားထားရသေးပေမဲ့
ဂျေဂျေး ဗိုက်မဆာသလို စားချင်စိတ်လည်း
မရှိပေ။

Jay Jay:🍩🍩Where stories live. Discover now