Part 31

2.6K 441 49
                                    

"ဟာ....ကိုကို"

လေယာဉ်ပေါ်က ဆင်းဆင်းချင်း မြင်လိုက်ရတာက အဝေးက လက်လှမ်းပြနေတဲ့ ရှင်းသန့်ချောမောနေတဲ့ ဂျေဂျေးရဲ့ ချစ်ရသူ ကိုကို..။

Luggage အိတ်ကို ပစ်ချလို့ ကိုကို့ခါးကို ပြေးဖက်မိတော့ ကိုကိုက တင်းတင်းကျပ်ကျပ် ပြန်ဖက်ပြီး
ခေါင်းလေးဖွဖွပွတ်ပေးနေတယ်။

လူတွေ အများကြီးရှိနေပေမဲ့ ခါတိုင်းဆို ရှက်
တတ်တဲ့ ခွန်းသလည်း ဂျေဂျေးကို လွမ်းနေခဲ့တာမို့
မရှက်နိုင်တော့ပေ။

ဂျေဂျေးနဲ့မတွေ့ရတာ တစ်လပြည့်ပြီလေ..။

ဘေးက ခေါင်ဖုန်းကတော့ မထူးဆန်းသလို
ပြုံးကြည့်နေတယ်။

"လာမကြိုပါနဲ့ဆိုကွာ ကိုကိုအလုပ်တွေ
ရှုပ်နေတာမလား"

ခါးဖက်ထားတာကို ပြန်မလွှတ်သေးဘဲ
မျက်နှာချင်းဆိုင် မေးတော့
ကိုကိုက ပြုံးပြီး နဖူးလေးကို ဖွဖွတောက်တယ်။

"ဂျေဂျေးထက် ဘယ်ဟာက ပိုအရေးကြီးမှာ
မို့လဲ
အခု ကိုကို လာကြိုတော့လည်း ဂျေဂျေး
မပျော်တာကျလို့.."

"ဒါကတော့ ဒါပေါ့ ကိုကိုကလည်း...."

"ကိုကိုက လည်းမနေနဲ့တော့
ဂျေးပြန်လာမယ်ဆိုတည်းက ကိုကို အလုပ်တွေ
ပြီးအောင် ဖြတ်ထားတယ်
ကိုကို အားတယ် ဟုတ်ပြီလား
လာ...ခရီးပန်းလာမှာပေါ့ သွားကြစို့"

"ခေါင်ဖုန်း နေကောင်းတယ်မလား"

ဘေးနားက ရပ်နေတဲ့ ခေါင်ဖုန်းကို ခွန်းသ
သတိတရ လှမ်းမေးမိတော့

"ဟုတ် ကောင်းတယ် ကိုစစ်"

"လာ.. ခေါင်ဖုန်းလည်း ပင်ပန်းမှာပဲ
ခေါင်ဖုန်းအိမ်ကို အကိုတို့ လိုက်ပို့မယ်
အကို့ကားနဲ့ပဲ ပြန်လိုက်"

"အာ...မဟုတ်တာ ကိုစစ်
သက်သက် အလုပ်ပိုနေပါ့မယ်
ကျွန်တော် တက်စီ ငှါးသွားလိုက်မယ်ဗျ"

ခေါင်ဖုန်းရဲ့ ပြာပြာသလဲ ငြင်းသံကြားတော့
ဂျေဂျေး က ဝင်ပါသည်။

Jay Jay:🍩🍩حيث تعيش القصص. اكتشف الآن