Part 5

7K 927 29
                                    

Zawgyi

ကျောင်းအုပ်ကြီးရုံးခန်းက အပြန် ဂျေဂျေးလက်လေးကို တွဲလာရင်း

"ဂျေဂျေး နောက်ခါ ဒီလိုတွေ ရန်မဖြစ်နဲ့နော်
ကိုကို့အတွက်နဲ့ ရန်ဖြစ်ရအောင် ဂျေဂျေးက
လူမိုက်လား"

ခွန်းသ ဆုံးမဖို့ စကားပြင်ရင်း မေးလိုက်တော့
စူပုပ်ပုပ်လေးနဲ့ ကြမ်းပြင်ကို ကြည့်လျှောက်နေတဲ့ ဂျေဂျေးက မော့ကြည့်လာတယ်။

ဒီကလေး ဘာကိုစူပုပ်ပြီး စိတ်ကောက်နေလဲ ခွန်းသ
သိတာပေါ့။

ခုနက စိန်ကွပ်ဘွားတော်တို့ကို ဂျေဂျေးဖြေရှင်းသံအဆုံး ဘယ်သူက ရန်စပါတယ်ပြောပြော
လက်ပါတဲ့ ဂျေဂျေးအလွန် ဖြစ်နေတော့
ခွန်းသကပဲ စပြီးတောင်းပန်လိုက်တာ။

တောင်းပန်တယ်ဆိုတာကလည်း
ကျွန်တော်တို့ဘက်ကပဲ တောင်းပန်ပါတယ်
တစ်ခွန်းပဲပြောလိုက်ရတာ။

အဲ့တာကိုတောင် ခွန်းသတောင်းပန်တဲ့အသံကြားတာနဲ့ ဂျေဂျေးက "ကိုကို" ဆိုပြီး အသံမာမာနဲ့
ထအော်နေလို့ ခွန်းသခမျာ မနည်းထိန်းလိုက်ရသေးတယ်။

ဒီကလေးက လူလေးက လက်တောက်လောက်နဲ့
ခွန်းသကိုဆို သိပ်ကာကွယ်ပေးချင်တာ။
အဲ့လိုအပြုအမူတွေကြောင့်ပဲ ခွန်းသက ဂျေဂျေးကို
တစ်နေ့ထက် တစ်နေ့ ပိုချစ်နေရတာ....

ခွန်းသ အတွေးနဲ့လျှောက်နေတုန်း ဂျေဂျေးက
ပြန်ဖြေလာတယ်။

"ကိုကို့အတွက်ဆို ဂျေဂျေးက
လူမိုက်ကြီးလည်း လုပ်ပစ်နိုင်တယ်။
ဂျေဂျေးကို တိုက်ကွမ်ဒိုသင်ပေးထားတာ
ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲ..
သူများကိုထိခိုက်ဖို့ လက်ပါဖို့တွေ မဟုတ်ဘူးလို့
ကိုကို ဆုံးမဦးမလို့ မလား။
အဲ့တာတွေ အကုန် ဂျေဂျေးနားလည်တယ်
ဘယ်သူ့ကိုမှလည်း ဂျေဂျေး အနိုင်မကျင့်ဘူး
ဒါပေမဲ့ ကိုကို့ကို ထိလာရင်လည်း ဂျေဂျေးက ငြိမ်ခံနေမှာ မဟုတ်ဘူး။
တိုက်ကွမ်ဒိုကို အသားနာခံပြီး ကိုကို့ဆီက
ဂျေဂျေးသင်ထားတာက ဂျေဂျေးဘာသာ ကာကွယ်ဖို့ မဟုတ်ဘူး။ ကိုကို့ကို ကာကွယ်ချင်လို့။
ဒါကြောင့် ဂျေဂျေးကို မဆူနဲ့တော့။
ခုနက ကျောင်းအုပ်ကြီးဆုံးမစကားတွေနဲ့တင်
ဂျေဂျေးနားတွေ အူနေပြီ။
နော် ....ကိုကို"

Jay Jay:🍩🍩Where stories live. Discover now