Part 7

7.2K 836 80
                                    

Zawgyi

ညအိပ်ခါနီး အချိန်ဆို ပုံမှန်လာတတ်တဲ့ Video Call လေးကြောင့် ခွန်းသ အခန်းဖော်တောင် ဂျေဂျေးကို
သိနေပြီ ဖြစ်သည်။

Your little brother is so cute လို့
ပြောခံရတိုင်းလည်း ခွန်းသက အပြုံးတစ်ချက်သာ
ပေးရင်း ခေါင်းငြိမ့်ပြမိသည်။

ဂျေဂျေးသာ အပြင်မှာ ဒီထက် ပိုချစ်ဖို့ကောင်းကြောင်း
သိသွားရင် အကုန်ဝိုင်းအုံချစ်ပြီး ခွန်းသတောင်
ချစ်ခွင့်မရ အလိုလိုက်ခွင့်မရတော့မှာ စိုးရိမ်မိသည်။

တစ်ဦးတည်းသော ညီလေး ဂျေဂျေးကို ခွန်းသ
တစ်ယောက်တည်းကပဲ ဘယ်သူမှ မမြင်အောင်
ဖွက်ထားမယ်။

ဂျေဂျေးကို အချစ်ပေးနိုင်ဆုံးလူတွေက တီလေးပြီးရင်
ဒုတိယနေရာမှာ စစ်ခွန်းသ ရှိနေမည်ဆိုတာ
ဘယ်တော့မှ မပြောင်းလဲမည့် အမှန်တရားပင်။

ဘာလိုလိုနဲ့ ခွန်းသ အသက် 20 ပြည့်လို့
Airline Transport Pilot License ရပြီး
Air DNS မှာတောင် Pilot ဖြစ်နေပြီ။

Airline တွေမှာ Main Pilot အဖြစ် မောင်းနှင်ဖို့
က အနည်းဆုံး အသက် ၂၁ နှစ် ရှိရမှာဆိုပေမဲ့
ဆယ်တန်းပြီး ၁၆ နှစ်တည်းက AFT မှာ သင်ခဲ့တဲ့
စစ်ခွန်းသက အသက် ၂၀ မှာတင် Main Pilot
ဖြစ်လာပြီး မြန်မာနိုင်ငံမှာ အသက်အငယ်ဆုံး
လေယာဉ်မှူးလို့တောင် ပြောရမှာဖြစ်သည်။

အရပ် ၆ပေ နဲ့ ချောမောတဲ့ မျက်နှာလေးရယ်၊
6 packs တွေနဲ့ တောင့်တင်းတဲ့ Body ရယ်၊
အသက်ငယ်ငယ်လေးနဲ့ လေယာဉ်မှူးဆိုတဲ့
ဂုဏ်ပုဒ်ရယ်၊ ခရိုနီသူဌေးကြီး ဓနရှင်ရဲ့ သားဆိုတဲ့ အရှိန်အဝါတွေပါ ပေါင်းစပ်လိုက်သည့်အခါ
စစ်ခွန်းသ ဘာမှမလုပ်ရပါဘဲ အောင်မြင်ကျော်ကြားမှု Celebrity ဆိုတဲ့အရာ မဖိတ်ခေါ်ဘဲ
ရောက်ရှိလာလေသည်။

Facebook အသုံးများတဲ့ မြန်မာပြည်မှာ
ဂျေဂျေးနဲ့ ပြောဖို့ ဖွင့်ထားတဲ့ အရင်က လူမသိ
သူမသိ Facebook Acc လေးက Follower
သိန်းချီ အဖြစ်သို့ နေ့ချင်းညချင်း ရောက်ရှိလေသည်။

Cele ဖြစ်ရခြင်းအကြောင်းတရားကလည်း
ထိုင်းနိုင်ငံ ဘန်ကောက်ကို ပျံသန်းပြေးဆွဲမဲ့
လေယာဉ်ပေါ် မတက်ခင် ခွန်းသက လေဆိပ်မှာ Luggage ကိုဆွဲလို့ လမ်းလျှောက်လာတုန်း
ထိုင်းမတစ်ယောက်က video ရိုက်ပြီး
TikTok ပေါ်တင်လိုက်ရာက အစပြုသည်။

Jay Jay:🍩🍩Where stories live. Discover now