Part 37

2.8K 533 107
                                    

အခန်းတံခါး ဆွဲဖွင့်သံ ကြားရတာမို့ လင်းယံ
ရတုကို ပွေ့ချီထားရင်း မျက်မှောင်ကြုံ့သွားသည်။

ဟိုကောင် ပြန်လာတာများလား...
အဲ့တာဆိုရင်တော့လည်း ပိုကောင်းတာပေါ့
ရက်မကူးဘဲ တစ်ခါတည်း ခွေးမသားကို
ဘဝကူးပေးလို့ ရပြီ။

"ရတု ဒီမှာပဲ ငြိမ်ငြိမ်နေနော်"

ရတုကို ကုတင်ပေါ် ပြန်ချပေးရင်း လင်းယံ တိုးတိုးလေး ပြောလိုက်သည်။

ရတုက "သူလည်း ရတယ်" ဟူသော
အခြေအနေနဲ့ ခေါင်းခါပြပြီး လင်းယံ ဘေးနားမှာ
မတ်တပ်လာရပ်ရင်း လင်းယံ လက်ဖဝါးကို
ခပ်ဖွဖွ လာဆုပ်ကိုင်သည်။

သူလည်း ယောကျ်ား ကိုယ်လည်း ယောကျာ်း..။
ရတုက အားနွဲ့တဲ့ မိန်းမသားလည်း မဟုတ်..။
ဘာကို ကြောက်နေရမှာလဲ...
ဘေးနားမှာလည်း ချစ်ရတဲ့ လင်းယံက
မားမားမတ်မတ် ကာကွယ်ပေးနေပြီ..
ရတု ဘာကိုမှ ထူးပြီး ကြောက်လန့်မနေတော့..။

အခန်းတံခါးဖွင့်လာသည်နှင့်အတူ မြင်လိုက်ရတာက

"ရေး.......Surprise!!!!"
ခုန်ထွက်လာသော ဂျေဂျေး.၊ ခွန်းသနှင့်
ပြီးတော့ ဟိုခွေးသား မိုးသားနောင်!

လင်းယံ မိုးသားနောင်ကို မြင်တာနဲ့ ဘာမှ
မတွေးနိုင်တော့ဘဲ ဝင်ဆွဲထိုးဖို့ ပြင်သည်။

"ညီခေတ် လုပ်ဦးဟ! တားပါဦးဟ!
မင်းလူက ငါ့ကိုဆွဲထိုးဖို့ကြံနေပြန်ပြီ"
မိုးသားနောင်က ကြောက်ကြောက်လန့်လန့်နှင့်
ဂျေဂျေး နောက် ဝင်ပုန်းသည်။

"အာ...ကိုလင်းယံ !ကိုလင်းယံ!
ခဏနေပါဦး.
ကျွန်တော်ရှင်းပြတာ နားထောင်ပါဦး"

"ခွန်းသ! ညီခေတ်! မင်းတို့မသိဘူး
အဲ့ခွေးမသား စောက်ရမ်းယုတ်မာတာကွ
ငါအဲ့ကောင်ကို သတ်ရမှ ကျေနပ်မယ်!"

ပြောရင်း မိုးသားနောင် ကော်လံဆောင့်ဆွဲပြီး
ထိုးဖို့ပြင်ပြန်တာမို့ ခွန်းသရော ဂျေဂျေးပါ
ကြားထဲဝင်ဆွဲရင်း ရုန်းရင်းဆန်ခတ်ဖြစ်တာ
၅ မိနစ်လောက်ကြာသည်။

"ကိုလင်းယံ..ကိုလင်းယံ..
နားထောင်ပါဦးဗျာ
ကိုရတု ဘာမှ မဖြစ်ပါဘူး
တကယ် ဘာဆိုဘာမှ မဖြစ်ခဲ့ပါဘူး"

Jay Jay:🍩🍩Where stories live. Discover now