Part 4

7.2K 922 51
                                    

Zawgyi

ဂျေဂျေးအသက် ၁၀ နှစ်
ခွန်းသ အသက် ၁၆ နှစ်

ဆယ်တန်းကျောင်းသားဖြစ်လာတဲ့ ခွန်းသက Daddyရဲ့ ပိုပြီးတင်းကြပ်လာတဲ့ စည်းကမ်းတွေ
ကြားမှာ စာကို နေ့မအား ညမအား လုပ်နေရတယ်။
ခွန်းသကို မြန်မာတစ်နိုင်ငံလုံးTop 10 ဝင်
ဂုဏ်ထူးရှင် ဖြစ်စေချင်တဲ့ ဆန္ဒ တွေနဲ့
ခွန်းသ Daddy က အရင်ကထက်ပိုပြီး
တင်းကြပ်လာတာပဲ ဖြစ်တယ်။

လပတ်စာမေးပွဲတိုင်း တစ်ကျောင်းလုံးမှာ
အဆင့် ၁ ဖြစ်နေဖို့လည်း ခွန်းသမှာ ဂျေဂျေးနဲ့တွေ့ဖို့
အချိန်နည်းလာတဲ့ထိ စာတွေ ကျက်နေရတယ်။

ဒါတောင် ဒီလပတ်စာမေးပွဲမှာ နောက်ဆုံးဘာသာ
Bio ဖြေခါနီးမှ ခွန်းသက နေမကောင်းဖြစ်လိုက်တာမို့ အဆင့် ၃ထိ ကျသွားတယ်။
ကားပေါ်မှာ ကျောင်းကပေးလိုက်တဲ့ reportကတ် ကို ကိုင်ရင်း အဆင့် ၃ ရတာမို့ အိမ်ပြန်ရောက်ရင်
အချက် ၃၀ ရိုက်ခံရမဲ့အရေးကို ကြိုတွေးလို့ သက်ပြင်း ခပ်ဖွဖွချမိတယ်။

အသက် ၁၆ နှစ် လူပျိုပေါက်တောင်ဖြစ်နေပြီဖြစ်တဲ့
ခွန်းသက ခုထိ ကလေးလို Daddy ရိုက်တာ
ခံနေရတုန်းဆိုတာကို တွေးမိတိုင်း ခွန်းသ
ဟားတိုက်လို့ အော်ရယ်ချင်မိတယ်။

သားသမီးကို ပုံစံခွက်ထဲ သူ့စိတ်တိုင်းကျ ထည့်နေတဲ့ Daddy ကိုပဲ အပြစ်တင်ရမလား။ဒါမှမဟုတ်
ဒီအသက်အရွယ်ကြီးရောက်တဲ့ထိ Daddy ကို
အာမခံရဲဘဲ၊ ဒီပုံစံခွက်ကြီးထဲက ရုန်းမထွက်နိုင်တဲ့
ကိုယ့်ကိုကိုယ်ပဲ ခွန်းသ အပြစ်တင်ရမလား
မသိဘူး။

တီလေးနဲ့ Daddy က သားသမီးတစ်ယောက်ကို
အမိအဖ နှစ်နေရာလုံးကနေ ပျိုးထောင်ခဲ့ကြတာချင်း အတူတူ ဆုံးမသွန်သင်ပုံတွေက ကွာခြားတယ်။

ဂျေဂျေး အခု အသက်ဆယ်နှစ်ထိ တစ်ခါမှ
လက်မရွယ်ခဲ့ဖူးတဲ့ တီလေးက တကယ်ကို
တော်တဲ့ မိခင်ကောင်းတစ်ယောက်။

တီလေးရဲ့ ဆုံးမသွန်သင်ပုံတွေကြောင့် ဂျေဂျေး
နဲ့ တီလေးကြားမှာ သားအမိ ဆက်ဆံရေးအပြင်
ဂျေဂျေးခံစားရသမျှကို ပြန်ရင်ဖွင့်နိုင်တဲ့
Friendship ကိုပါ တီလေးက အောင်အောင်မြင်မြင် တည်ဆောက်ထားနိုင်တယ်။

Jay Jay:🍩🍩Where stories live. Discover now