Part 32

2.7K 481 47
                                    

"ရတု
ခွန်းသ ကလေး ပြန်ရောက်နေတာ ကြားပြီးပြီလား"

ရတုရဲ့ ကား Showroom ထဲ အေးအေးဆေးဆေး လမ်းလျှောက်ဝင်လာတဲ့ လင်းယံက စကားစသည်။

ကြည့်ရတာ သူ့စားသောက်ဆိုင်တွေကို ပစ်ချထားခဲ့ပြီး ရတု Showroom ကို လာလည်ပြန်တာပဲ ဖြစ်မည်။

"အေး ဟုတ်တယ် ငါနဲ့ စကားပြောဖြစ်တုန်းက
ပြန်လာမယ် ပြောလို့ သိလိုက်တယ်"

ရတု အေးအေးသက်သာ ပြန်ပြောရင်း
ကြည့်လိုက်တော့  ရာသီဥတု ပူနေမှုကြောင့်
လင်းယံ မျက်နှာမှာ ချွေးစလေး သီးနေသည်။

တစ်ရှူးနှစ်ရွက်ကို အဆင်သင့်ထုတ်ပေးရင်း
ရေခဲသေတ္တာထဲက ရေသန့်တစ်ဘူးကိုပါ
တစ်ခါတည်း ကမ်းပေးလိုက်သည်။

လင်းယံက ရတု ကမ်းပေးတဲ့ တစ်ရှူးနဲ့
မျက်နှာကိုသုတ်လိုက်ရင်း ရေဘူးပါ
တစ်ခါတည်း မော့သောက်ပြီးမှ စကားဆက်သည်။

"မင်းနဲ့က ဘာစကားတွေပြောကြတာလဲ"

"Aww ဒီလိုပါပဲ
သာကြောင်း မာကြောင်းပါ"

ခပ်အေးအေး ပြန်ဖြေလိုက်တဲ့ ရတုရဲ့ စကားကို
လင်းယံ ဘဝင်မကျ။

ရတု ရဲ့ အရာရာကို လင်းယံ သိနေခဲ့ပေမဲ့
ဂျေဂျေး နဲ့ ပက်သတ်ရင် လင်းယံက
နောက်ရောက်သွားသလို ခံစားရသည်။

ဒါဟာ ရတုနဲ့ ဂျေဂျေးကြားမှာ မရိုးမသား တစ်ခုခုရှိနေတာမျိုး လုံးဝမဟုတ်ပါပဲ လင်းယံကို
ပေးမသိတဲ့ တစ်ခုခုရှိနေတာမျိုးပင်။

"Boss ဟိုဘက်က ကပ်စတန်မာက
Lexus ကားဝယ်ချင်တာ"

ရတုကို စကားလာပြောတဲ့ Showroom က ဝန်ထမ်းအသစ်လေးကြောင့် ပြောလက်စ စကားရပ်ပြီး လင်းယံရော ရတုရော မော့ကြည့်လိုက်သည်။

"အင်း...အဲ့တာ ဘာဖြစ်လို့လဲ
မင်းကို အဲ့ Model အကြောင်း သင်ပေးပြီးသားမလား..
မေ့သွားလို့လား"

ရတုက ခပ်အေးအေးပင် ..
သူ့ဝန်ထမ်းတွေကို အပြစ်တင်ဆူပူနေတာမျိုး
ဘယ်တော့မှ မလုပ်။
သဘောကောင်းလွန်းတဲ့ သူဌေးပေါက်စပါလေ..။

"မမေ့ပါဘူး Boss
အခုက ကျွန်တော် ရှင်းပြတာ နားမထောင်ချင်ဘူးတဲ့
Boss ကိုယ်တိုင် လာရှင်းပြမှတဲ့"

Jay Jay:🍩🍩Where stories live. Discover now