Part 19

6.9K 874 159
                                    

Zawgyi

The Golden Gate Bridge က ပြန်လာတော့
ည၂ နာရီတောင် ထိုးနေပြီ။

ခွန်းသရော ဂျေဂျေးရော တစ်နေကုန်လျှောက်လည်
ရတာအပြင် ခရီးပန်းတာပါရောပြီး ဟိုတယ်အခန်းထဲ
ရောက်တာနဲ့ ကုတင်ပေါ် ပစ်လှဲလိုက်ကြတယ်။

ဘေးနားမှာ ဆန့်ဆန့်ကြီး လှဲနေတဲ့ ကိုကို့
လက်မောင်းကို ခေါင်းအုံးတော့ ကိုကိုက
ဂျေဂျေးဘက် လှည့်လာပြီး ခေါင်းလေးကို
ပွတ်ပေးတယ်။

"ပင်ပန်းနေပြီလား ကိုကို့ ကလေးလေး"

"ဒီလောက်တော့ အပျော့ပါ ကိုကိုရာ"

"ဟုတ်ပါပြီကွာ အဲ့တာဆို မနက်ဖန်
ကိုကို ဂျေဂျေးကို ခေါ်သွားစရာ
တစ်နေရာရှိတယ်
ပြီးရင် ကိုကိုတို့ Califonia ကို
ပြန်ကြမယ်နော်"

"ကိုကို့ သဘော"

"ချစ်ဖို့ကောင်းလိုက်တဲ့ ကောင်လေး"
ကိုကို့ နှာခေါင်းချွန်ချွန်နဲ့ ဂျေဂျေး နှာခေါင်းထိပ်
လေးကို ခပ်ဖွဖွပွတ်ဆွဲရင်း ကိုကို ပြောတော့
ဂျေဂျေးက ကြည်ကြည်နူးနူး ပြုံးတယ်။

"ဂျေး ပြီးတော့ ကိုကို ပြောစရာရှိသေးတယ်
ကိုကို့ကို စိတ်မဆိုးနဲ့နော်"

နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်အပြာနုနုကို
သပ်တင်ပေးရင်း ဂျေဂျေးကို ပြောလာတော့
ဂျေဂျေးက အေးအေးဆေးဆေးပဲ ပြန်ကြည့်ပြီး
ပြုံးပြတယ်။

"ဘာကိစ္စမို့လဲ ကိုကိုရ
ကိုကို သစ္စာဖောက်တာကလွဲရင်
ကျန်တာ ကိုကိုဘာလုပ်လုပ် ဂျေဂျေး စိတ်မဆိုးပါဘူး"

"အာ...ကိုကိုက သစ္စာဖောက်စရာလား
ဂျေဂျေးရာ
ဂျေဂျေးတစ်ယောက်တည်းကိုပဲ ကိုကိုက
ချစ်တာပါ"

"ဟုတ်ကဲ့ပါဗျာ
ကိုကို ပြောမယ်ဆိုတဲ့ဟာ ပြော"

"မိုးမမနိုင် Califonia ကိုရောက်နေတယ်
အဲ့တာ ဂျေဂျေးကိုတွေ့ပြီး တောင်းပန်ချင်တယ်တဲ့
မနက်ဖန် ကိုကို သူနဲ့ လာတွေ့ဖြစ်ရင်
ဂျေဂျေးကို ကိုကိုနဲ့အတူ ခေါ်လာပေးပါတဲ့
ကိုကို ဂျေဂျေးသဘောထားကို မေးပြီးမှ အကြောင်း
ပြန်မယ်လို့ ပြောထားတယ်
ဂျေဂျေး ဘယ်လိုသဘောရလဲ ?
ဂျေဂျေး မိုးမမနိုင်နဲ့ ပက်သက်ပြီး ခံစားထားရတာ
ကိုကို သိပါတယ်
ဂျေဂျေး မတွေ့ချင်ဘူးဆို အားမနာနဲ့နော်
ကိုကို ငြင်းပေးမှာ"

Jay Jay:🍩🍩Where stories live. Discover now