Part 43

1.5K 321 102
                                    

လင်းယံရဲ့ အဖေနဲ့ အမေကလည်း အခြေအနေကို ရိပ်စားမိသွားဟန် သက်ပြင်းအလျှိုလျှိူချလို့
မယ်တော်ကြီးကို သွားတွဲကူကြသည်။

"ဘာကိစ္စလဲ
ဒီအိမ်ပေါ်ကို ဘယ်တော့မှ ပြန်တက်မလာတော့ဘူးလို့ ကြီးကြီးကျယ်ကျယ်တွေ ပြောသွားခဲ့ဖူးတဲ့ အာကာလင်းယံမှ ဟုတ်ရဲ့လား.."

75 နှစ်တောင်ရှိပြီ ဖြစ်ပေမဲ့ အခြားအဖိုးအဖွားတွေလို မေ့တာမျိုးလည်း မရှိ၊ မှတ်ညဏ်ကောင်းကောင်းနဲ့ မယ်တော်ကြီးက ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆော်သည်။

လင်းယံက အရေးမစိုက်သလို ခနဲ့တဲ့တဲ့
ပြုံးရင်း

"ပြန်တက်လာဖို့လည်း စိတ်ကူးမရှိပါဘူး
မယ်မယ်
ကျွန်တော်က ကင်းအောင်နေသလို
မယ်မယ့်ဘက်ကလည်း ကင်းအောင်နေရင်
ကောင်းတာပေါ့
အခုက ကျွန်တော်နဲ့ရတု ပတ်ပတ်လည်မှာ
မယ်မယ့်လူတွေကို မမြင်ချင်ဘဲ မြင်နေရတာ
အာရုံနောက်လာလို့!
နောက်ယောင်ခံခိုင်းတယ်ဆိုလည်း ပိပိရိရိလေးတော့ လုပ်မှပေါ့"

လင်းယံရဲ့ ခပ်ရွဲ့ရွဲ့စကားအဆုံးမှာ မယ်တော်ကြီးက အံကြိတ်ပြီး သူ့အတွင်းရေးမှူးလူယုံဘက်ကို စိမ်းစိမ်းကြီးကြည့်နေတာ မြင်လိုက်ရသည်။

"အခု ကျွန်တော်ပြောချင်တာက ကျွန်တော်နဲ့ရတုက မယ်မယ်သိနေသလို ချစ်သူတွေပဲ"

"ဒီကောင်ကတော့ ပြောချလိုက်ရင်...."
အစမပျိုး ဘာမပျိုးနဲ့ တည့်ပြောချလိုက်တဲ့
လင်းယံကိုလှမ်းကြည့်ရင်း ကြားထဲက
ခေါင်းကျိန်းနေတဲ့ခွန်းသရဲ့ ခပ်တိုးတိုး ကျိန်ဆဲသံပါ။

မယ်မယ်က ခုထိ စကားတစ်လုံးမှ ပြန်မပြောသေးဘဲ ရတုကို စူးစမ်းသလို သေချာစိုက်ကြည့်နေတုန်း။

မယ်မယ် စိုက်ကြည့်နေမှန်း သိသွားတဲ့ လင်းယံက ရတုလက်ကို အုပ်မိုးလို့ ပိုတင်းတင်း ဆုပ်ကိုင်ထားသည်။

"မယ်မယ် သဘောတူတာ မတူတာတွေ
စိတ်မဝင်စားဘူး ဂရုလည်းမစိုက်ဘူး
ကျွန်တော် ရတုနဲ့ပဲ လက်ထပ်မှာ"

ခုချိန်ထိ ငြိမ်သက်ခေါင်းငုံ့နေခဲ့တဲ့ ရတုက
လက်ဖျားလေးတွေ အေးစက်သွားသလို...။

Jay Jay:🍩🍩Où les histoires vivent. Découvrez maintenant