Part 20(Zawgyi)

3.4K 328 37
                                    

နောက်ကျောကနေ ခါးကို ရုတ်တရက်
လာဖက်ပြီး ဂျေဂျေး ကျောပြင်မှာ မျက်နှာအပ်လို့
ရှိုက်ကြီးတငင် ငိုနေတဲ့ ကိုကို့ဗလုံးဗထွေး
စကားသံတွေကြောင့် ဂျေဂျေး
အရမ်းစိတ်ပူသွားတယ်...။

ရှေ့က ခေါက်ဆွဲပြုတ်အိုးတည်ထားတဲ့
ဂက်စ်မီးဖိုကို မြန်မြန်ပိတ်ပြီး ကိုကို့ဘက်ကို
လှည့်လိုက်တယ်။

"ကိုကို ဘာဖြစ်တာလဲ
ကိုကို ဘာဖြစ်လို့ ငိုနေတာလဲ
ကိုကို ဂျေဂျေးကို ဖြေဦးလေ"

ဂျေဂျေး ကျောပြင်ကို တင်းတင်းဖက်ပြီး ငိုနေတဲ့
ကိုကို့ဘက်ကို ဂျေဂျေးလှည့်လိုက်တော့
ကိုကိုက ခေါင်းကိုမော့မလာဘဲ ဂျေးပခုံးလေးဆီ
နဖူးအပ်လို့ ထပ်မျက်ရည်ကျနေပြန်တယ်။

ဂျေဂျေး စိတ်တအားပူနေပြီမို့ ကိုကို့မေးစေ့ကို
ဆွဲယူပြီးမော့စေလိုက်တော့
မျက်ဝန်းညိုညိုတွေထဲ ဝေ့သီနေတဲ့ မျက်ရည်စတွေ
ရယ် ၊ ပါးပြင်ကနေ မေးရိုးထိ စီးကျနေတဲ့
မျက်ရည်စီးကြောင်းလေးနှစ်ခု....။

"ကိုကိုရယ် ဂျေဂျေး တအားစိတ်ပူနေပြီကွာ
ဘာဖြစ်လို့လဲ
ဂျေဂျေးကို ပြောပြပါဦး"

ကိုယ့်မျက်စိရှေ့က မျက်ဝန်းပြာပြာလေးတွေနဲ့
ကိုယ့်ကို စိတ်ပူလွန်းလို့ ဆောက်တည်ရာမရ
ဖြစ်နေတဲ့ ကောင်လေးကို ကြည့်ရင်း
ထိန်းထားလည်းပဲ မျက်ရည်တွေက ခွန်းသ
ပါးပေါ်မှာ အဆက်မပြတ် ကျဆင်းနေတုန်း..။

"အာ...ကွာ.....မျက်ရည်တွေက ထပ်ကျနေပြန်ပြီ
ကိုကိုရာ.....ဂျေဂျေးကို ပြော!!
ကိုကို ဘာဖြစ်လာတာလဲ
ကိုကို့ Daddy သိသွားလို့လား"

"ဂျေဂျေး စားပွဲပေါ်မှာ ပြက္ခဒိန်ကို တွေ့ခဲ့တယ်..."

အသံခပ်အက်အက်နဲ့ ငိုသံမပါအောင်ထိန်းပြောနေတဲ့ ကိုကို့စကားသံတိုးတိုးအဆုံးမှာ ကိုကို ဘာကို
ဆိုလိုချင်လဲ ဂျေဂျေး မနည်းစဉ်းစားလိုက်ရတယ်။

"အာ....ကိုကို့ကို လွမ်းတယ်လို့ ရေးထားတဲ့
စာတွေကြောင့်လား
ကိုကို အဲ့တာကြောင့် စိတ်မကောင်းဖြစ်သွား
တာလား"

ခေါင်းကို ခပ်လေးလေး ငြိမ့်ပြနေတဲ့
ကိုကို့ပုံစံလေးကြောင့် ဂျေဂျေး ပြုံးမိသွားတယ်။

Jay Jay:🍩🍩Where stories live. Discover now