Part 40

2.4K 328 46
                                    

လင်းယံနဲ့ ရတုတို့ကို ဖွင့်ပြောဖြစ်အောင် ဝုန်းဒိုင်းကြဲအောင်လုပ်သွားတဲ့ ဂျေဂျေးကတော့ နောက်တစ်ရက် မနက်မှာပင် ကျောင်းပြန်ဖွင့်တော့မည်မို့ တန်းပြန်သွားသည်။

လင်းယံ လူချင်းတွေ့ပြီး နုတ်မဆက်လိုက်ရတာမို့ ဘာပဲဖြစ်ဖြစ် ရတုနဲ့ နီးစပ်အောင် ကူညီပေးတဲ့
ကျေးဇူးရှင်လေးပေမို့ ဖုန်းဆက်ပြီးတော့ ကျေးဇူးတင်ကြောင်း သတိတရ ပြောမိသည်။

ဂျေဂျေးကတော့ ဒီလိုအဆင်ပြေသွားဖို့ကိုပဲ
သူမျှော်လင့်ခဲ့ရပြီး အရမ်းဝမ်းသာကြောင်း
Congratulations ပြန်လုပ်သွား၏။

ရည်းစားတွေထည်လဲတွဲခဲ့ပြီး ရတုကို ဘာကြောင့် ဖွင့်မပြောခဲ့လဲဆိုတဲ့ နောက်ကွယ်က အဖြစ်မှန်ကို
တော့ ရတုအပါအဝင် သူငယ်ချင်းဖြစ်သူ ခွန်းသကိုပါ ရှင်းပြချင်တာကြောင့် လင်းယံရဲ့ BAR မှာပင် ချိန်းလိုက်သည်။

VIP Room ထဲ သုံးယောက်လူဆုံတော့ လင်းယံ ရတုအနားကပ်ပြီး လက်ဖဝါးလေးကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။

အရင်က ကဲကဲသဲသဲလုပ်ပြနေကျ အတွဲ ခွန်းသက ဂျေဂျေး ဘေးနားမရှိတော့ ဘက်ပဲ့သွားကာ သိသိသာသာ မျက်နှာမဲ့၏။

သက်ပြင်းတစ်ချက်ချပြီး လင်းယံ အထက်
မှာ ရာဇာလင်းယံဆိုတဲ့ အကိုတစ်ယောက် ရှိခဲ့ဖူးကြောင်း အစချီကာ ဖြစ်ကြောင်းကုန်စင်ပြောပြတော့ ရတုက မျက်ရည်ဝဲသည်။

လင်းယံအစား တွေးပြီးဝမ်းနည်းနေတဲ့
ကောင်ကလေးကို လက်ဖဝါးအသာလေး
ဖျစ်ညစ်ပြီး လင်းယံအဆင်ပြေပါကြောင်း
မသိမသာ ပြရသေးသည်။

ခွန်းသက လည်း စိတ်မကောင်းဖြစ်သွားပုံရပြီး
အားပေးစကားဆိုရင်း

"လင်းယံရာ မင်းနဲ့ငါ ငယ်တည်းက ပေါင်းလာတာကို ဒီလောက်ထိလျှိုထားစရာလား
မင်းခက်ခဲနေခဲ့တယ်ဆိုရင် ငါ့ကိုပြောပြမှပေါ့
သူငယ်ချင်းမဟုတ်တာ ကျနေတာပဲ"

ခွန်းသအပြစ်တင်သလို ဆိုတော့ လင်းယံ
တောင်းပန်စကားဆိုမိသည်။

"ဆောရီးပါကွာ ငါမင်းကို မယုံလို့ မဟုတ်ပါဘူး
ကိုကြီးအကြောင်းကို တွေးမိရုံနဲ့တောင်
တဆစ်ဆစ်နာလို့ မင်းတို့ကို ပြောပြဖို့တောင် ငါအများကြီး အချိန်ယူခဲ့ရတာ"

Jay Jay:🍩🍩Where stories live. Discover now