Part 16

6.9K 841 122
                                    

Zawgyi

"ခေါင်ဖုန်း ရောက်လာပြီလား
ခဏစောင့်ဦးနော်
ငါဒီမှာ ငှက်လေးတွေ တန်းစီပျံသန်းနေတာကို
အမိအရလေး ရိုက်လိုက်ချင်လို့"

"အင်း ရတယ်
ဖြေးဖြေးလုပ် ကိုကို...."

ကိုကို ဆိုတဲ့ ခေါ်သံလေး အဆုံးမှာ ခွန်းသ
တစ်ကိုယ်လုံးတောင့်တင်းသွားတယ်။

ခွန်းသကို ကိုကိုလို့ ပိုင်စိုးပိုင်နင်း ခေါ်နေကျသူ ၊
ခေါ်ခွင့်ရှိသူဆိုတာ တစ်ယောက်သောသူ
ကလွဲလို့  တစ်လောကလုံးမှာ နှစ်ယောက်မရှိနိုင်
ဘူး။

မဟုတ်မှ .....

လှည့်ကြည့်လိုက်တော့ ကိုယ့်ရဲ့ မြတ်နိုးခြင်း
အပြာရောင်အရိပ်ကလေး...။

"ကြည့်ထား ကိုကို့ထက် အရပ်ရှည်အောင်လုပ်
ပြမယ်" လို့ ကြွေးကြော်ခဲ့ဖူးတဲ့ ကောင်လေးငယ်က
အခု တကယ်ကို ခွန်းသ အရပ်နဲ့ တန်းတူ ၆ပေ
အရှည်လောက်ထိ အရပ်ကြီး ရှည်ထွက်လာ
လိုက်တာ...။

ခွန်းသခေါင်းကို ငုံ့ချ ပြီး ချော့တစ်ခါ
ခြောက်တစ်လှည့် ဆုံးမသွန်သင်ခဲ့ရတဲ့
ကလေးသေးသေးလေးက
ခွန်းသနဲ့ မျက်နှာချင်းဆိုင်နိုင်တဲ့
အရွယ်ကို ရောက်နေပြီ။

ပြုံးစစနဲ့ ခွန်းသကို ပြုံးပြနေရင်း ပေါ်လာတဲ့
ချစ်စရာကောင်းတဲ့ အစွယ်လေးတွေ...။

ဆံပင်တွေကို အပြာနုရောင်လေး
ပြန်ဆိုးထားပါလား...

ဘာလို့လဲ ပျော်စရာတွေ ရှိနေလို့လား..။

ပြီးတော့ နှုတ်ဆက်ပါတယ် တစ်ခွန်းနဲ့
ပြတ်ပြတ်သားသား လှည့်ထွက်သွားဖူးတဲ့
ကျောပြင်လေးတစ်ခုက
အခု ကိုကိုရှေ့တည့်တည့်ကို
ပြန်ရောက်နေပြန်ပြီ.....

ရှေ့တည့်တည့်က ဂျေဂျေးကိုကြည့်ရင်း
မျက်တောင်မခတ်နိုင်ဘဲ အတွေးတွေလွန်နေတဲ့
ခွန်းသကို ဂျေဂျေးက ပြုံးစစနဲ့ ချစ်ရည်ရွှမ်းတဲ့
မျက်လုံးတွေနဲ့ ပြန်ကြည့်နေသည်။

"ကြည့်လို့ ဝပြီလား ကိုကို"

" ဟင်..အင်း အင်း ဂျေဂျေး
ဂျေဂျေး ဒီကို ဘယ်လိုရောက်လာတာလဲ"

Jay Jay:🍩🍩Onde histórias criam vida. Descubra agora