Part 9

6.5K 751 79
                                    

Zawgyi

ဂျေဂျေး ကားပေါ်ရောက်တဲ့ထိ ကိုကိုက ခါးပတ်ကို
သေချာပတ်ပေးပြီးတာနဲ့ ထိုင်ခုံကို နောက်ထိ ဆွဲ
လှန်ချပေးသည်။

"အရမ်းနာနေလား ဂျေဂျေး
ကိုကို ဆေးခန်းခေါ်သွားပေးမယ်နော်
ဒီတိုင်းလေး လှဲနေလိုက်ဦး"

ကိုယ့်ရဲ့ ကလေးကလား အရှုပ်ထုပ်တွေကြားထဲ ကိုကို့ကို ဝင်ပါစေမိပြန်တယ်လို့ ခံစားရတာမို့

"ကိုကို ဂျေဂျေး တောင်းပန်..."

" ကိုကို့ကို ဘာမှ တောင်းပန်စရာမလိုသလို
အခု လတ်တလော စကား မပြောနဲ့ဦး ဂျေဂျေး"

ကိုကို စိတ်ဆိုးသွားပြီလားလို့ ပူထူပြီး
စကားထပ်ပြောဖို့ ပြင်လိုက်စဉ်မှာပဲ
ကိုကို့ဆီက ထပ်ထွက်လာတဲ့ စကားသံကြောင့်
ဂျေဂျေး နာနေတာပါ မေ့ပြီး အားရပါးရ
ပြုံးလိုက်မိပါတယ်။

"ဂျေဂျေး ပါးက အရမ်းယောင်နေတယ်
ဆေးခန်းပြပြီး ဂျေဂျေး အိမ်ပြန်ရောက်မှ တီလေးနဲ့ကိုကို့ကို သေချာရှင်းပြ။
ပြီးတော့ ကိုကို ဂျေဂျေးကို ယုံတယ်
ဂျေဂျေးက အကြောင်းမရှိဘဲ ဒီလို ရန်မဖြစ်ဘူး
ပြီးတော့ ဒီလို လွယ်လွယ်ရှုံးနိမ့်တတ်တဲ့လူစားမျိုး
မဟုတ်ဘူးဆိုတာရောပေါ့"

ဂျေဂျေးရဲ့ကိုကို စစ်ခွန်းသဆိုတာ ဒီလို
ကာကွယ်ပေး နားလည်ပေးတတ်တဲ့
ကောင်မလေးတိုင်း လိုချင်တဲ့ Boyfriend material type အိပ်မက် မင်းသားလေးပါပဲ။

...................................................................

"သားငယ် ဂျေဂျေး ဘယ်လိုဖြစ်လို့ ဒီလောက်
စုတ်ပြတ်သတ်လာရတာလဲ မာမီ့ကို ရှင်းပါဦး"

"ဂျေဂျေး ကျူ ရှင်ဆင်းဆင်းချင်း အိမ်ကလာကြိုတာ
ကို ဒီတိုင်းစောင့်နေတာပါပဲ။
ခဏနေတော့ ဂျေဂျေး
ဟိုဘက်လမ်းထဲ မုန့်သွားဝယ်ပြီး မုန့်ဆိုင်က
ပြန်လာတဲ့ချိန် သူတို့ရောက်လာပြီး"

"သူတို့ ဆိုတာက???"

မာမီက ဖြတ်မေးလာတာမို့
"ခုလက်ရှိ ကိုကိုတို့နဲ့ စီးပွားပြိုင် Air AYG
ဦးမာန်ထည်ဝါရဲ့ သား ခန့်ညားထည်ဝါတို့
အုပ်စု"

"တကယ့် အကောင်ကြီးတွေနဲ့မှ သွားငြိရတယ်လို့
ဂျေဂျေးရ မာမီ့ကိုဆက်ပြောပါဦး
သားနဲ့ ဘယ်လိုငြိတာလဲ "

Jay Jay:🍩🍩Donde viven las historias. Descúbrelo ahora