Part 23

4.9K 785 118
                                    


Zawgyi

ကိုရတုကို လိုက်ပို့ပြီးတာနဲ့ ဂျေဂျေးတို့ လမ်းထိပ်မှာ
ကားခဏ ရပ်ပြီး အိပ်ပျော်နေတဲ့ ကိုကို့ကို
နှိုးဖို့ ပြင်လိုက်တယ်။

ဂျေဂျေးကားကို ကိုလင်းယံရဲ့ Bar မှာ
ထားခဲ့ပြီး ကိုကို့ကားနဲ့ တစ်ယောက်ပြီး
တစ်ယောက်ကို လိုက်ပို့နေတာ ဖြစ်သည်။

ကိုကို့အိမ်ကိုကျော်ပြီးမှ ဂျေဂျေး အိမ်ရောက်မည်မို့
လမ်းထိပ်ကနေ ကိုကို့အိမ်ထိ ကိုကို့ဘာသာ
ကားမောင်းသွားဖို့ နှိုးဖို့ ကြံရတာဖြစ်သည်။

လမ်းထိပ်ကနေ ကိုကို့အိမ်ထိတော့ ကိုကို မောင်း
နိုင်သေးတယ် ထင်တာပါပဲ။

နောက်မို့ ဂျေဂျေးမောင်းပို့မိလို့ ကိုကို့ Daddy နဲ့
တည့်တည့်တိုးနေမှဖြင့်...။

ဂျေဂျေးကတော့ လမ်းထိပ်ကနေ အိမ်ထိလမ်းလျှောက်သွားလိုက်လည်း အဆင်ပြေပါတယ်။

ခေါင်းလေးစောင်းပြီး အိပ်ပျော်နေတဲ့ ကိုကိုက
အိမ်မက်ယောင်သလို နှုတ်ခမ်းကလည်း
ပွစိပွစိနဲ့ ရွတ်နေသေးသည်။

ဘာတွေပြောနေပါလိမ့်ဆိုပြီး အနားနားကပ်နား
ထောင်လိုက်တော့
"ဂျေဂျေး....ဂျေဂျေး ...."

ဂျေဂျေးနာမည်ကို တသသ ရွတ်နေတဲ့ ကိုကိုပဲ..။

အိမ်မက်ကောင်းမက်နေပုံရတဲ့
"ဂျေဂျေး..ကိုကို့ကို အာဘွားလေး..
ကယေးယေးရေ..ကိုကို ရေချိုး ထားပါတယ်..ဆို"

ကြည့်ရတာ ဂျေဂျေးနဲ့ ကိုကို့ရဲ့ ငယ်ဘဝကို အိမ်မက်​မက်နေပုံရသည်။

အိမ်မက်ထဲက ဂျေဂျေးသေးသေးလေးက
အာဘွားမပေးလို့ထင့်။

ကိုကို့ မျက်ခုံးလေးတွေကပါ တွန့်ကျိုးနေသည်။

ချစ်စရာကောင်းလိုက်တာ...ဒီလူကြီးက..။

အရက်ရှိန်ကြောင့် နီရဲရဲ ဖြစ်နေတဲ့ ယောကျာ်းပီသတဲ့ ကိုကို့ မျက်နှာချောချောကို အကြာကြီး စိုက်ကြည့်နေမိသည်။

မနက်ဖြန်ဆို ဂျေဂျေး U.S ပြန်ရတော့မယ်...။

ကိုကို့ကို လွမ်းနေရတော့မယ်...။

Jay Jay:🍩🍩Opowieści tętniące życiem. Odkryj je teraz