Part 33

2.8K 490 66
                                    

ရတု နဲ့ လင်းယံ ဒီည ဂျေဂျေးတို့နဲ့ သောက်ဖို့
ချိန်းထားသည်။

လင်းယံ နေ့လည်စာကို ကိုယ့်ဆိုင်မှာကိုယ်
တစ်ယောက်တည်းစားနေရင်း ပျင်းလာတာမို့ ရတုဆီ ဖုန်းလှမ်းဆက်ဂျီကျပြီး ဆိုင်လာဖို့ ခေါ်လိုက်သည်။

"ခဏစောင့် ထွက်ခဲ့မယ်" ဆိုတဲ့ စကား
ကြားတော့ လင်းယံက ကျေနပ်ပီတိ ပြုံးကြီးနဲ့
ပြုံးသည်။

ရတု မငြင်းမယ်မှန်း ဖုန်းစဆက်တည်းက
သိပြီးသားပါလေ။

၁၅ မိနစ်လောက်နေတော့ ပုံမှန်ထက် ခြေလှမ်း
ခပ်သွက်သွက် လှမ်းလာနေတဲ့ ရတုကိုမြင်ပြီး
လင်းယံ လက်လှမ်းပြမလို ရှိသေး.။

ရတု နောက်ပါးက ကပ်ပါးလာတဲ့ မနေ့က
သကောင့်သားကို တွေ့လိုက်ရတာမို့
လင်းယံ ဒေါသ အကြီးအကျယ်ထွက်သွားသည်။

"ဒီခွေးသား....အပြင်မှာပါ ရတုကို
ဘလိုင်းကြီး လာကပ်နေတာလား"
အတွေးနဲ့တင် စားလက်စ ဇွန်း ခက်ရင်း ကို
ဆောင့်ချလိုက်မိတာက မထိန်းနိူင်။

လင်းယံ စားသောက်ဆိုင်ထဲက ဝန်ထမ်းတွေက ကွက်ကြည့် ကွက်ကြည့်။

နေ့ခင်းဘက်မို့ စားသောက်သူ တစ်ယောက်
နှစ်ယောက်ကလွဲပြီး လူရှင်းနေသည်။

ငါ့ဆိုင်နဲ့ ငါ လုပ်တာ ဘယ်သူ့စောက်ဂရုစိုက်ရမှာလဲ? ဆိုတဲ့အကြည့်နဲ့ ဘုရှိုးရှိုးလိုက်တော့ သူတို့
အလုပ်ရှင်  ဒေါသကုမ္မာရသူဌေးမှန်းသိပြီး အားလုံး မသိချင်ယောင်ဆောင် ခေါင်းလေးငုံ့သွားကြသည်။

ရတုနား လမ်းလျှောက်သွားရင်း လင်းယံ ပြုံးပြလိုက်သည်။

ဟိုကောင်ကတော့ လက်ခလယ် ပဲ ရမယ်..။

"ရတု"

"လင်းယံ ဒါ မနေ့က ငါ့ဆိုင်လာတဲ့ Customer ‌
ညီလေးလေ။ မှတ်မိတယ်မလား"

"အင်း ဘာဖြစ်လဲ"
စကားသံကို လိုတာထက် တင်းပြောလိုက်တော့
ရတုက စိတ်​လျှော့ဆိုသည့် အကြည့်နဲ့
သတိပေးသည်။

Jay Jay:🍩🍩Where stories live. Discover now