Part 26

5.8K 761 115
                                    

Zawgyi

မနက်ခင်း နေရောင်ခြည်က အခန်းထဲကို
ကျရောက်လာသည်။

မျက်လုံးကို နေစူးလာတာမို့ ခွန်းသ မျက်လုံးတွေကို
ပွတ်သပ်ပြီး ထလိုက်တော့ ရင်ခွင်ထဲက
ကောင်လေးငယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်
နေဆဲ။

လိုက်ကာကို ဖြတ်ပြီး နေရောင်ခြည်က ဂျေဂျေး
မျက်နှာနုနုလေးကို ထိုးလာတော့ ခွန်းသအလိုမကျ
သလို မျက်မှောင်တစ်ချက် ကျူတ်သွားသည်။

ငါ့ကလေးမျက်နှာကိုများ  ရာရာစစ....။
ခွန်းသ လက်ဖဝါးနဲ့ ဂျေဂျေး မျက်နှာလေးပေါ်
နေထိုးနေတာကို ကာပေးလိုက်သည်။

ပြီးတော့ နဖူးလေးကို ခပ်ဖွဖွ အနမ်းလေးတစ်ချက်။

ပြီးတော့ အပြာနုရောင်ဆံပင်ပျော့ပျော့လေးတွေထဲ
တိုးဝင်ပြီး နောက်ထပ် အနမ်းတစ်ချက်။

"Morning ကောင်ဆိုးလေး
ကိုကိုက ဂျေဂျေးကို အရမ်းချစ်တယ်နော်...."
လက်ဖဝါးမိုးပြီး နေထိုးတာကို ကာပေးနေရင်း
ခပ်တိုးတိုးပြောလိုက်တော့ ရုတ်တရက်ကြီး
အောက်မှာ အိပ်နေတဲ့ ဂျေဂျေးက ခွန်းသ
လက်ကို ဆွဲယူပြီး ကိုယ်ကို
တစ်ပတ်လိမ့်လို့ ခွန်းသကို သူ့အောက်ပို့တယ်။

"ဂျေဂျေးက ပိုချစ်တယ်ဗျာ
အွန်းးးမွမွ"

ပြောလည်း ပြောရင်း အပေါ်ကနေ ခွန်းသကို ခွထားတဲ့ ဂျေဂျေးက ခွန်းသပါးနှစ်ဖက်ကိုပါ ပယ်ပယ်
နယ်နယ် နမ်းတယ်။

"နိုးနေပြီလား ဂျေဂျေးက"

ဂျေဂျေးပါးနစ်ဖက်ကို ဖျစ်ညစ်ဆွဲရင်း မေးလိုက်တော့
ဂျေဂျေးက ခွထားရင်းကပဲ ပြုံးပြုံးလေး
ခေါင်းငြိမ့်ပြတယ်။

"ကိုကို မနမ်းခင် ၅မိနစ်လောက်အလိုတည်းက
နိုးနေတာ..."

"အဲ့တာကို အိပ်ချင်ယောင်ဆောင်နေတယ်ပေါ့
ကလေးစုတ်လေး"
သူ့ခြေထောက်ကြားထဲ ခွန်းသကို ထည့်ထားပြီးး
အပေါ်စီးက ခွနေတဲ့ ဂျေဂျေးခါးလေးကို
အောက်ကိုဖိချပြီး မေးလိုက်တော့
မနက်စောစော ဂျေဂျေးရဲ့ မထော်မနန်း အရာက
လာထောက်ပြီး ရုတ်တရက်မီးပွင့်သွားသလို
ခံစားလိုက်ကြရတယ်။

Jay Jay:🍩🍩Where stories live. Discover now