Part- 27

6.7K 564 25
                                    

Unicode

Jungkookက Jiminကို မျက်ခုံးတွေတွန့်ချိုးကြည့်ကာ

" Group projectက ဒီမှာ လုပ်တာလား "

Jungkook အမေးကို  Taehyungကပြာပြာသလဲ ဝင်ဖြေသည်။

" အာ မဟုတ်ဘူး ကိုကို Jungkook coffeeဆိုင်တစ်ခုမှာလုပ်တာ ပြီးလို့ သူငယ်ချင်းတွေက ခေါ်လို့ ဒီကို ရောက်လာကြတာ Jiminက မလိုက်ချင်ဘူး ကျွန်တော်အတင်းခေါ်လာလို့ ပါလာရတာ "

Taehyungမှာ Jimin အတွက်ပါ ပိုပိုသာသာ ဖြေပေးနေရသည်။ Jungkook ပုံစံက ဘားမှာ တွေ့သည်ကို အလိုမကျဟန် ဖြစ်နေ၍ Jiminနှင့် ပြဿနာမတက်အောင် Jiminကမလိုက်ချင်ဘဲ လိုက်လာရသည်အထိ ပြောပေးနေသော်လည်း ကာယကံရှင် Jiminကတော့ တုတ်တုတ်ပင်မလှုပ်ချေ။

" ဪ အဲ့ဒီဘက်က Jiminဆိုတာလား ... "

Jungkook ဘေးက သူကပြောလာသဖြင့်  Taehyungရော Jiminပါသူ့ကို ကြည့်လိုက်ကြသည်။ ထိုအခါမှ Taehyungသည် ထိုသူက Jungkook လက်ကို ချိတ်ထားသည်ကို တွေ့ကာ မျက်လုံးပြူးသွားတော့သည်။

ဟင်... ဒါ ဟိုနေ့ကတွေ့တဲ့ ခေါင်းဝါနဲ့ တစ်ယောက်မလား

Jungkook ဘေးက ခေါင်းဝါနှင့်သူက ခါးပေါ် အင်္ကျီအနက်နှင့် ဘောင်းဘီအနက်ရောင် boots အနက်ရောင်ကို ဝတ်ဆင်ထားကာ Jungkookလက်ကို ချိတ်၍ ဟန်ပါပါ ရပ်နေသည်။ သူ့ အရပ်က Jungkookနီးပါးလောက် မြင့်သော်လည်း ခန္ဓာကိုယ်ကတော့ သေးသေးသွယ်သွယ် ပိန်ပိန်ပါးပါးပင်။ မျက်နှာပေါက်ကလည်း အနည်းငယ်အနက်တိုင်းဆန်ကာ လှသည့်အထဲတွင်ပါ၏။
ထိုသူကို ကြည့်ကာ Taehyung စိတ်ထဲ အလိုမကျမှုများ ခံစားနေရသည်။ သူ့ရှေ့မှာ ရပ်နေသည်က Jiminမှန်းသိတာတောင် Jungkookကိုချိတ်တွယ်ထားသော လက်တွေကို ဖြုတ်ချမသွားသည်ကို တော်တော်လေး ခံပြင်းနေသည်။ သူတောင် ထိုလက်ကို ဆွဲဖြုတ်ချင်နေရင် Jiminဆို တော်တော်လေးခံစားနေရမည် စိုးသဖြင့် Taehyungက  Jiminလက်ကို အားပေးသလို ဆုပ်ကိုင်လိုက်သည်။

" Ohh... "

ခေါင်းဝါနှင့်သူဆီမှ အာမေဋိတ်သံ ထွက်လာလျှင် Taehyung၏ မျက်ခုံးတန်းတို့ စုကျုံ့သွားသည်။ Jiminကလည်း ထိုသူက မျက်လုံးလှန်ကြည့်လိုက်ပြီးနောက် Taehyungကို ဆွဲကာ ထွက်သွားဖို့ပြင်သည်။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)حيث تعيش القصص. اكتشف الآن