Part- 19

8.1K 730 38
                                    

" ဖေဖေ "

Jiminက သူ့အဖေကိုမြင်လျှင် အပြေးအလွှားလာကာ သူ့အဖေဘေးနားသို့ ပူးကပ်ဝင်ထိုင်လေသည်။

" အွန်း ဖေ့သားလေး... မျက်နှာလေးမမြင်ရတာကြာပေါ့ ပြပါဦး မျက်နှာလေး "

Jiminကသူ့အဖေရှေ့ကို မျက်နှာလေး မော့ပြကာ ပြုံးလျက် ပြောသည်။

" ဘယ်လိုလဲ ပိုချောလာတယ်မလား "

" ချောတာပေါ့ ဖေ့သားပဲ "

" ဟဲဟဲ "

သူတို့သားအဖကို ဧည့်ခန်းထဲရှိ ဘွားဘွားနှင့် Jungkook၏ အကိုကြီးဆုံးတို့က ပြုံး၍ ကြည့်နေကြသည်။ သူတို့သားအဖကတော့ တစ်ခြားသူတွေကို ရှိသည်ဟု ထင်ကြပုံမပေါ်ပင်။ သားဖနှစ်ယောက် စကားပြောလိုက် ရယ်လိုက် ဖက်လိုက်ဖြင့် အလုပ်ဖြစ်နေကြသည်။

ဘွားဘွားက Jiminလေးပြုံးပျော်နေသည်ကို  ကြည့်ကာ ပြုံးနေသော်လည်း မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်တို့ ထင်ဟပ်နေသည်။

သေချာစဉ်းစားကြည့်လျှင် Mochiလေးက သူ့အဖေနှင့် ဒီလိုလေး ပျော်ပျော်ရွှင်ရွှင်နေချင်ခဲ့ရှာမှာ။ သူ့အဖေဘယ်လောက်ပဲ အလုပ်များသည်ရှိသော် အချိန်မပေးနိုင်သည်ရှိသော် သူ့အဖေနားရက်တွေမှာ အလုပ်မရှိချိန်တွေမှာ ဖအေနှင့် အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ခဲ့ရှာမှာ။ Mochiလေးက ငယ်ငယ်က သူ့အဖေကို ဘယ်လောက်တွယ်တာလိုက်သလဲ။ နှစ်ပတ်နေလောက်မှ တစ်ခါလောက်သာ လာတွေ့တတ်သော ဖအေကို စိတ်ဆိုးစိတ်ကောက် စိတ်ပျက်တာတွေမရှိဘဲ ဖအေလာမည့်ရက်လေးကိုသာ ကြိတ်မျှော်ရှာတာပါ။ သူ့ဖအေများ လာတွေ့ရင် ကလေးက ဘယ်လောက်တောင်ပျော်နေသလဲဆို တစ်နေ့လုံး ဖြူစင်သောအပြုံးလေးက မျက်နှာမှာ ချိတ်ဆွဲလို့ပင်။ မသိတတ်ခင် အရွယ်ကတည်းက ဖအေပြန်ချိန်တွေမှာလည်း ငိုယိုခြင်းမရှိကာ အပြုံးလေးနှင့်ပဲ နှုတ်ဆက်ရှာတာ။ ကလေး ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်သော အရွယ်ရောက်လာချိန်ကြတော့လည်း ဒီအဘွားကြီးက အတ္တကြီးစွာ သူ့ဖအေနောက် မထည့်ပေးလိုက်ချင်ဘူးလေ။ ထို့ကြောင့် ကလေးကို ငယ်ငယ်လေးကတည်းက မသိမသာလေး အဘွားနှင့် မနေနေအောင် ပြောခဲ့တာ။ Mochiလေးက လိမ္မာသည်။ သူ့အဖေက အတူတူပြန်နေဖို့ ပြောလာခဲ့သည့်အချိန်တွင် ဒီအဘွား မျက်နှာညှိုးသည်ကို သိပြီးနောက် နေခဲ့ရန်သာ ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ဘွားဘွားက Mochiလေးကို
ကျေးဇူးတင်ပြီး အချစ်ပိုခဲ့ရတာ။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now