Part-13

7K 666 24
                                    

Unicode

" မမ ပြန်ရောက်ပြီလား လက်ဆောင်ပါလား "

ကျောင်းမှ အိမ်ကို ပြန်ရောက်ခိုက် ဧည့်ခန်းထဲတွင် ဘွားဘွားနှင့်စကားပြောနေသော Sonaကိုတွေ့လိုက်လျှင် Jiminသည်သူတို့နားသို့ အပြေသွားကာ လက်ဆောင်တောင်းလေသည်။

" ဘွားဘွား တွေ့လားတွေ့လား ဘွားဘွားမြေးက မတွေ့ရတာ ကြာတဲ့ အစ်မကို စစတွေ့ချင်း ပြောတဲ့ စကားက လက်ဆောင်တောင်းတာတဲ့ "

Sonaက Jiminကို လက်ညှိုးတထိုးထိုးဖြင့် ပြောလေသည်။

" လက်ဆောင်မတောင်းလို့ ဘာပြောရမလဲလို့ နေကောင်းလား ဘာညာပြောရအောင်လဲ မမကို နေကောင်းလို့တွေ့နေရတာပဲလေ နော့် ဘွားဘွား အဲ့လိုအလာဘသလာဘတွေပြောဆိုလိုလို့လား ကျွန်တော်တို့က"

" သြော်သြော် အေးပါအေးပါ အဲ့တော့ ငါတို့က လက်ဆောင်ပေးစရာလည်း မလိုတဲ့ ဆက်ဆံရေးဆိုတော့ မယူတော့ဘူးပေါ့ "

" အင် မဟုတ်ဘူးလေ လက်ဆောင်ကတော့ပေးရမှာပေါ့ "

" မပါဘူး ပါရင်လည်း မပေးတော့ဘူး "
ဟု Sonaကပြောကာ ထရပ်သည်။
ထိုအခါမှ  Jiminသည် Sona၏ လက်ကို ပြေးဖက်ကာ မျက်နှာချိုသွေးလေသည်။

" ဟီးဟီး မမကလည်း စတာပါ ကျွန်တော့်မမကို လွမ်းနေတာ"

" အရမ်းအရမ်းကို လွမ်းနေတာပါနော် "
ဟုချွဲကာ ပြောလျှင် Sonaသည်လည်း ပြုံးကာ

" ပလီပလာတွေလာပြောမနေနဲ့ လက်ဆောင်လိုချင်တာနဲ့ "ဟု ပြောကာ Jimin ခေါင်းကို ဆွဲဖွပစ်သည်။

Jiminသည် Sonaကိုဖက်တွယ်လျက် Sonaနောက် လိုက်ပါသွားသည်။ သူတို့မောင်နှမကိုကြည့်ကာ ပြုံးနေလေသည်။

" Park Jiminတို့ခြေချုပ်မိနေတာဆို "

Sonaက ခရီးဆောင်အိတ်ကာ ဖွင့်ရင်း ခုတင်ပေါ်တွင် ထိုင်နေသာ Jiminကိုလှမ်းပြောလေသည်။

" မမ သိပြီးပြီလား "

" အင်း ခုန ဘွားဘွားပြောပြတာ "

" စိတ်ညစ်တယ် မမရယ် အခုဘယ်မှကို မသွားရဘူး ကျောင်းလည်း သူလိုက်ပို့ လာကြိုနဲ့ စာသင်ခန်း အပြင်မှာမြင်ရင်ကို ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ "

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now