Part-6

7.2K 691 18
                                    

Unicode

ညစာစားချိန်ရောက်နေသော်လည်း Jimin ထမင်းဆင်းစားရန် ဝန်လေးနေသည်။

" Jeon Jungkookပြန်ရောက်ပြီလား မသိဘူး  ၊ ငါဘယ်လိုလုပ်ရမလဲ၊ Taehyung ကို ph ဆက်ပြီး အကြံတောင်းရင်ကောင်းမလား အရေးတည်းဆို ဗိုက်ကလည်းဆာပြီ ၊ ဘာမှလည်း မဝယ်ထားမိဘူး၊ စိတ်ဆင်းညိုလိုက်တာ"

Jimin စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကို တဗျင်းဗျင်းကုတ်ပစ်လိုက်သည်။

"ဒေါက်...ဒေါက်...ဒေါက်"

တံခါးခေါက်သံနောက်မှ မမSora၏  အသံကျယ်ကျယ်ထွက်ပေါ်လာသည်။

" Mochiရေ ထမင်းစားမယ်၊ ဘာလို့ဆင်းမလာသေးတာလဲ မေမေက ပွစိပွစိပြောနေပြီနော်"

"ဟင်...ဘာလိုလုပ်ရမလဲ"

ဆင်းလည်းမစားချင်ဘူး.....
မမ Sonaအပြောတိုင်းဆို ဒေါ်လေးငေါက်ခံလည်းထိတော့မယ်...

Jimin အတွေးများနေစဉ် မမSora၏ အသံထပ်ထွက်လာသောကြောင့် ဆုံးဖြတ်ချက်အမြန် ချလိုက်ရသည်။

" Mochi...Mochiရေ...Mochi...Mochi..."

ဒီအမကလည်း အရမ်းအာပြဲတာပဲ လူနဲ့တောင်မလိုက်ဘူး အသံပြဲချက်

"ဒီကလေး အခန်းထဲမှာ
မရှိတာများလား"

" Mo....  "

Sona၏အသံမဆုံးခင် Jimin က တံခါးဖွင့်ကာ ထွက်လိုက်သည်။

" လာပါပြီဗျ... ဘာလို့ စွတ်အော်နေတာလဲ မမရာ "

" ငါခေါ်နေတာ ဒီလောက်ကြာနေပြီ ဘာလို့အသံလေးဘာလေး မပေးလဲ မကြားဘူးထင်လို့ပေါ့ဟ"

" ကျွန်တော် အိမ်သာထဲရောက်နေလို့ပေါ့ ၊ မမအသံပြဲကြီးနဲ့အော်နေတာ မကြားရောရှိ..."

" အောင်မာ... ငါ့အသံလေး ဒီလောက်ငှက်သံလေးလိုချိုသာတာ "

" ဟုတ်တယ်... ဟုတ်တယ်... ငှက်လေးလိုချိုသာတယ် "

Sona က Jiminအပြောကြောင့် ကျေနပ်နေလေသည်။

" ဘာငှက်လဲသိလား မမ"

" အေးဘာငှက်လဲ "

" ကျီးကန်း..."

ဟု ပြောကာ Sonaကိုလျှာထုတ်ပြောင်ပြပြီး Jimin လှေကားကနေအမြန် ပြေးဆင်းသွားခဲ့သည်။ နောက်တွင်  Sona သည် ဆဲဆိုလျှက် တရှူးရှုးဒေါသပုံထကာ  ကျန်ခဲ့သည်။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now