💜Unicode💜
"နေမကောင်းဘူးလား"
ကျွန်တော် သူ့ကို ကြောင်ကြည့်နေစဉ် Jeon Jungkookက ကျွန်တော့်ကို စူးစမ်းသလို ကြည့်ပြီး မေးလာသည်။"ကောင်းပါတယ်၊ ရင်ပြည့်ချင်သလိုဖြစ်နေလို့ပါ"
လိမ်တာမဟုတ်ဘူးနော် တကယ်ကိုရင်ပြည့်နေလို့ပါ သူ့ကိုမတွေ့ချင်လို့ ထမင်းဆင်းမစားတာမဟုတ်ဘူးနော် ဘုရားစူး
"ဘာတွေစားထားလို့လဲ"
ဟင်
ဘယ်လိုဘယ်လို အခု Jeon Jungkookက ငါ့ကို စိတ်ပူနေတာလား Jeon Jungkookကလေ ဆေးများမှားသောက်ထားတာလား၊ နိုင်ငံခြားမှာနေပြီး စိတ်မမှန်တော့တာလား၊ ထူးထူးဆန်းဆန်းတွေလုပ်နေသည်။"Park Jimin၊ ငါမေးနေတယ်လေ၊ ဘာတွေပြူးကြည့်နေတာလဲ"
ကိုယ့်အတွေးနဲ့ကိုယ် သူ့ကို အံ့သြလွန်းလို့ ပြူးကြည့်နေမိချိန် စိတ်မရှည်သံက ထွက်လာသည်။ ဒါမှ Jeon Jungkook။ဘုရားဘုရား ငါက တစ္ဆေသရဲတွေများပူးနေသလားလို့။ တော််သေးတာပေါ့
ဒီထက်ကြာရင်လည်း အရှေ့က ဒေါသကုမ္မာရက အစိုးမရသောကြောင့် အမြန်ဖြေရသေးသည်။"ဟို... ညနေက ခေါက်ဆွဲပြုတ်နဲ့ အအေးသောက်ထားတယ်"
"မင်း ခေါက်ဆွဲပြုတ်တွေဘာလို့စားတာလဲ၊ မင်းဆေးကျောင်းသားလုပ်ပြီး ဒါလေးတောင်မသိဘူးလား ၊ အဲဒါတွေက အစာအိမ်အတွက်မကောင်းဘူးဆိုတာ"
အရှေ့ကလူက ပိတ်အော်လိုက်သည်မှာ ခန္ဓာကိုယ်တောင် တုန်တက်သွားရသည်။
သူတို့မောင်နှမတွေ ဘယ်ဘဝက ကုသိုလ်တွေကြောင့် အသံတွေအောင်နေရတာလဲဟ။
"သိ...သိပါတယ်၊ ဗိုက်ဆာလာလို့ စားလိုက်တာပါ"
"ဗိုက်ဆာတိုင်း စားစရာလား၊ ဗိုက်ဆာရင် အိမ်ပြန်လာပေါ့၊ အိမ်မှာ ဒေါ်ကြီးရင်ကို ချက်ခိုင်းရင် ရနေတာကို၊ ready madeအစားအစာတွေက မင်းနဲ့ တည့်လို့လား"
" ဟူးးးး "
တစ်ယောက်တည်းစိတ်တွေတိုနေပြီး အခုကျပြန်လည်း လေပူတွေမှုတ်ထုတ်နေပြီး စိတ်ပြန်လျှော့နေပုံပင်။
ကျွန်တော်ကတော့ တစ်ယောက်တည်း ဖြစ်ပျက်နေသောသူကိုသာ ဒီအတိုင်းကြည့်နေလိုက်သည်။