Part-8

7.2K 699 27
                                    

Unicode

မနက်ခင်းနေရောင်ခြည်နွေးနွေးသည် ပြတင်းပေါက်မှတဆင့် Jimin မျက်နှာလေးပေါ်သို့ ဖြာကျလျှက်ရှိသည်။ 

"နေကြီးက စူးလိုက်တာ၊ ဘယ်သူက လိုက်ကာ ဖွင့်သွားတာလဲ... အိပ်ချင်သေးပါတယ်ဆိို"

နေရောင်ကြောင့် အိပ်လို့မရသဖြင့်
ညည်းညူကာ စားပွဲပေါ်က နာရီကိုလှမ်းကြည့်မိသောအခါ နာရီရဲ့ ဂဏန်းများက 8နာရီကို ဖော်ပြနေသည်။

"ဟင် 8နာရီတောင်ထိုးနေပြီလား ၊ မဖြစ်ဘူး ၊ ကျောင်းနောက်ကျတော့မယ်"

အိပ်ယာမှ ကုန်းရုန်းထကာ ရေချိုးခန်းထဲသို့ ကမန်းကတန်း ပြေးဝင်ရတော့သည်။

ရေချိုးပြီး၍ ခေါင်းသုတ်နေရင်း ညကအကြောင်းများကို ပြန်လည်တွေးတောမိသည်။

"ဒါနဲ့ ငါညက အိမ်ကို ဘယ်လိုပြန်ရောက်တာလဲ၊ ငါ Taehyungရယ် Jeon Jungkook နဲ့ပြန်လာတယ် ၊ ပြီးတော့ Taehyung ကိုအိမ်ပြန်ပို့ပြီး နောက်ပိုင်းအိပ်ပျော်သွားတာလား ၊ အင်...ခဏလေး"

စဉ်းစားရင်းစဉ်းစားရင်း တဖြည်းဖြည်း ပေါ်လာသော အဖြစ်အပျက်တွေကြောင့် လူက ဆောက်တည်၍မရနိုင်တော့။ ထို့ကြောင့် ကုတင်ပေါ်တွင်လူးလိမ့်နေမိသည်။

"သောက်ကျိုးနည်း ... ငါမနေ့က Jungkook ကိုဖက်ပြီးတော့တောင် ငိုလိုက်သေးတာလား ၊ အင်္ကျီတွေကရော ဘယ်သူလဲပေးသွားတာလဲ၊ သူလဲပေးသွားတာလား  သေလိုက်တော့ Park Jimin ရေ... အား"

"ရှက်စရာကောင်းလိုက်တာ "


"Mochi ၊ မနက်စာစားသွားဦးလေ "

"မစားတော့ဘူး၊ ဘွားဘွား ၊ ကျောင်းနောက်ကျတော့မှာ "

"မနေ့ညက အဖျားတွေအရမ်းတက်ထားတာကို၊ တစ်ခုခုစားပြီး၊ ဆေးသောက်ရမှာပေါ့"

"ရတယ်၊ ပျောက်သွားပြီ၊ ပြီးတော့ ကျောင်းရောက်မှ တစ်ခုခုဝယ်စားလိုက်မယ်နော် "

"ဒါဆို......"

ဘွားဘွားက ဧည့်ခန်းထဲတွင် ထိုင်နေသော Jeon Jungkook ကို

" Jungkook မြေး ၊ Mochi ကိုပါ တစ်ခါတည်း ခေါ်သွားလိုက် "

Jungkook ကကျွန်တော်တို့ကိုတောင် မကြည့်ဘဲ "ဘွား၊ ကျွန်တော်ကဝင်စရာရှိသေးတယ်၊ သွားတော့မယ်" လို့ပြောပြီး ကျွန်တော်တို့ ဘေးကနေဖြတ်လျှောက်ကာ ထွက်သွားသည်။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now