Part- 29

5.5K 443 23
                                    

Unicode

Jungkook က Namjoon ရုံးခန်းထဲသို့ ဝင်လာသော် Namjoon က Jungkook ကို ပိတ်ထိုးပစ်လိုက်သည်။ Jungkook ၏ နှုတ်ခမ်းထောင့်က ပေါက်သွားကာ သွေးများကျလာတော့၏။

" တော်ပြီ... တော်ပြီ "

Seokjin က Namjoon လက်ကို ဆွဲကာ တားပြီး အခန်းအလယ်ရှိ ဆိုဖာသို့ ဆွဲခေါ်သွား၏။ Jungkook က လည်း Namjoon နှင့် မျက်စောင်းထိုးတွင် ဝင်ထိုင်လိုက်တော့ Namjoon က ဒေါသဖြင့် စတင်ပြောလာတော့သည်။

" မင်းကို Min In Haနဲ့ ဆက်မပတ်သက်ဖို့ ပြောထားပြီးသားထင်တယ်တယ်နော် Jeon Jungkook "

"စီနီယာနဲ့ ဘာမှမဆိုင်တော့ဘူး ကျွန်တော်တို့ လမ်းခွဲခဲ့ကြတာ အဖေတို့အသိပဲလေ "

Namjoon တို့က Min In Ha ကို သဘောမကျလှပေ။ Jungkook က အရင်တုန်းက မိန်းကလေးတွေနှင့်သာ တွဲသော်လည်း Min In Ha က Jungkook ၏ ပထမဆုံး ယောက်ျားလေး ချစ်သူဖြစ်ခဲ့သည်။ နောက်ပြီး သူ့ကြောင့် Jungkook က ဆေးစွဲမလိုထိ ဖြစ်ခဲ့ရ၏။ ထိုအချိန်တုန်းက Jungkook က တက္ကသိုလ် တတိယနှစ်ကျောင်းသားအရွယ်။ Namjoon တို့အမြန်သိကာ တားခဲ့နိုင်သဖြင့် Jungkook ၏ အခြေအနေမှာ မဆိုးရွားခဲ့၏။ ထို့ကြောင့် Namjoon နှင့် Seokjin က Min In Haနှင့် မပတ်သက်ခိုင်းခဲ့ချေ။ ထို့ကြောင့် Jungkook က Seokjin တို့အလိုကျ မပတ်သက်ခဲ့သော်လည်း Jungkook အတွက် Min In Ha က သူငယ်ချင်းတစ်ယောက်ဖြစ်ကာ အရင်းနှီးဆုံး သူတစ်ယောက်ဖြစ်သဖြင့် နောက်ပိုင်းတွင် သူငယ်ချင်းအဖြစ် ဆက်ခေါ်ခဲ့သည်။ Seokjin  တို့အနေဖြင့်က ဆေးစွဲခြင်းက Min In Ha ကြောင့်လို့မြင်ပေမယ့် Jungkookက ဘယ်သူကြောင့်မှ မဟုတ်ဘဲ သူကိုယ်တိုင်က စိတ်ပါ၍ လုပ်ခဲ့ခြင်းကြောင့် Min In Ha ကိုလည်း အပြစ်မမြင်ခဲ့ပေ။ In Haနှင့် မပတ်သက်ရန် Namjoon နှင့် Seokjin က ခဏခဏတားမြစ်သော်လည်း ခေါင်းမာသော Jungkook က နားမထောင်ခဲ့ချေ။ Min In Ha  နောက်ပိုင်း Jungkook က ယောက်ျားလေးရော မိန်းကလေးရော အစုံတွဲသည်။ သူနှင့် မတွဲဖူးသူ မရှိလောက်အောင် Jeon Jungkook တို့ ပွေရှုပ်ခဲ့သည်။   ထို့ကြောင့် Namjoon နှင့်လည်း ခဏခဏ စကားများခဲ့ကြသည်။

" လမ်းခွဲတာ မခွဲတာကို လာမပြောနဲ့ မင်းကို အဲ့ကလေးနဲ့ ရောရောထွေးထွေးမနေဖို့ ပြောတာ မင်းက လမ်းမခွဲလို့ တွဲနေချင်သေးတာလား Jimin နဲ့ယူထားတာကိုလေ! "

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Tempat cerita menjadi hidup. Temukan sekarang