Part-2

7.4K 735 20
                                    

Unicode

Jimin၏အဖသည်အိမ်မှာတစ်ယောက်ထဲကျန်ခဲ့သော ဇနီးသည်ကို စိုးရိမ်သဖြင့် ပွဲမပြီးသေးခင်အိမ်ပြန်ဖို့ခွင့်တောင်းကာ Jiminနှင့်အတူ ပြန်သွားကြသည်။ Namjoonမိဘတွေက Jiminကိုထားခဲ့ရန်အတွက် တောင်းဆိုကြသော်လည်း Jimin၏အမေက သူ့သားပြန်လာမည်ကို မျှော်နေလိမ့်မည်ဖြစ်ကြောင်း ပိတ်ရက်ကြရင် သေချာပေါက် Jiminကိုအိမ်တိုင်ရာရောက် လာပို့မည်ဖြစ်ကြောင်း အမျိုးစုံ နားချပြီးမှ Jiminတို့သားအဖပြန်ခွင့်ရခဲ့၏။
Jungkookတို့မိသားစုသည်လည်းရယ်မောပျော်ရွှင်စွာဧည့်သည်တွေကိုဧည့်ခံပြီးသူတိို့၏ညတာလေးကိိုကုန်ဆုံးကြသည်။

ပိတ်ရက်တွေတိုင်းမှာ Jeonအိမ်တော်မှာ Jiminလေးကိုမြင်တွေ့ရပါတော့သည်။Jungkookအဘိုးနှင့်အဘွား၏ "Jiminလေး" "Jiminလေး" ဟူသော ခေါ်သံတို့ဖြင့် အိမ်တော်ကြီးမှာ အသက်ဝင်လျှက်ရှိသည်။ တစ်ခါတရံ Jiminပေါက်စလေး၏ နှစ်လွယ်ဖွယ် ရယ်မောသံ တီတီတာတာ စကားသံလေးတွေလည်း နားဆင်နိုင်ပါသေးသည်။အိမ်တော်ကြီးမှ လူများထဲတွင် ထိုသာယာကြည်နူးဖွယ် အခိုက်အတန့်လေးတွေထဲတွင် မပါဝင်နိုင်သူတစ်ယောက်တော့ရှိလေ၏။ထိုသူက တစ်ခြားသူတော့မဟုတ် Jeon အိမ်တော်၏ အထွေးဆုံးလေး JeonJungkookပင်။ ကျောင်းပိတ်ရက်ဆို မနက် 8နာရီလောက်ပင် အပြင််သွား ညမိုးချုပ်မှ ပြန်လာတတ်သော Jeon Jungkookတစ်ယောက်ကတော့ဖြင့် သူ့အိမ်တွင် Park Jiminလေး သောင်တင်နေသည်ကို သတိမပြုမိသေးပေ။ ညဉ့်နက်မှ ပြန်လာတတ်သော သားတော်မောင်ကို Namjoonကပင် ၈နာရီအိမ်အရောက် ပြန်လာရမည်ဟု အမိန့်ထုတ်ထားရတော့သည်။ မနက် 9နာရီ 10နာရီလောက်မှ အိမ်တော်ကိုရောက်သော Jiminကို အဲ့အချိန်အိမ်မှာမရှိတော့သော Jungkookက မသိနိုင်တော့သလို သူပြန်လာချိန်တွင် Jiminပြန်သွားသောကြောင့် Jeon Jungkookတစ်ယောက်မသိသည်မှာ မထူးဆန်းပေ။ သို့သော် သူ့အိမ်က လူတွေ၏ ပါးစပ်ဖျားတွင် Jiminဆိုတဲ့နာမည်လေး စွဲနေသည်ကိုတော့ဖြင့် သတိထားမိပါသည်။

တစ်နေ့ JiminကိုJeonအိမ်မှာအိပ်ဖို့Jungkookအဘိုးကခေါ်ထားလိုက်သည်။

ကျွန်တော်အိမ်ကို ပြန်ရောက်ချိန် ဧည့်ခန်းထဲမှာ ကစားစရာအရုပ်တွေနှင့် ပွစာရိုက်နေတာကို တွေ့လိုက်တော့

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now