Part- 23

7.7K 662 40
                                    

Unicode

" ကိုကို ပြန်လာပြီလား "

အခန်းထဲကို Jungkookဝင်လာသည်ကို မြင်လိုက်ချိန်တွင် Jiminဆိုဖာမှာ ထိုင်ကာ TVကြည့်နေရင်းမှ အမြန်ထကာ Jungkookလက်ထဲမှ အိတ်ကို ယူလိုက်သည်။ Jungkookကတော့ မျက်နှာ ခပ်တည်တည်ဖြင့်ပင် Jiminကိုဘာမှ ပြန်မပြောဘဲ အိပ်ခန်းထဲသို့ ဝင်သွားသည်။ Jiminသည်လည်း Jungkookနောက်ကနေ အိတ်လေးဆွဲရင်း လိုက်ဝင်လိုက်သည်။ ထိုနောက် Jungkookသည် ဗီရိုရှေ့တွင် မတ်တတ်ရပ်၍ အင်္ကျီချွတ်ရန်ပြင်နေသည်။ Jiminလည်း အိတ်ကိုခုတင်ပေါ်တင်ပြီးနောက် Jungkook၏ အင်္ကျီကြယ်သီးများကို ကူဖြုတ်ပေးပြီး အင်္ကျီချွတ်ပေးလိုက်သည်။ ဒီအချိန်ထိကို Jungkookသည် Jimin၏ မျက်နှာကိုတောင် မကြည့်ဘဲ မျက်နှာလွှဲထားဆဲ။ Jiminကမသိမသာ သက်ပြင်းလေးချရင်း " ကိုကို " လို့ခေါ်လိုက်သည်။

" ကိုကိုကလည်း စိတ်မဆိုးပါနဲ့ ၊ သူက ကျောင်းသားအသစ်မို့ ကျောင်းအကြောင်း မေးလို့ စကားပြောဖြစ်တာပါ "

" ဖုန်းနံပါတ်က ဘာကြောင့်ပေးရတာလဲ "

Jungkookသည် Jiminမျက်နှာကို ခပ်တည်တည် ကြည့်၍ မေးလိုက်သည်။

" အဲ့ဒါ ကျွန်တော်က အတန်းခေါင်းဆောင်လေ ၊ ကျောင်းသားတွေ အဆင်မပြေတာရှိရင် ကျွန်တော့်ကို ဆက်သွယ်လို့ရအောင်လို့ပါ၊ တခြားကိစ္စမရှိပါဘူး "

" နော် ကိုကိုနော် စိတ်မဆိုးပါနဲ့နော် "

Jiminက Jungkook၏ဗလာကျင်းနေသော ရင်ဘတ်မို့မို့ကို လက်သီးလေးဖြင့် သုံးချက်လောက် ဖွဖွလေးထိုးရင်း ပြောလိိုက်သည်။ Jungkookမှာ ထိုပုံစံလေးကို အသည်းယားသွားကာ Jiminကိုခါးကနေဆွဲပွေ့ပြီး ပါးဖောင်းဖောင်းလေးတွေကို မွှေးကြူလိုက်သည်။

Jiminသည် ရယ်သံညင်းညင်းလေးဖြင့်
" ဟဟ စိတ်ဆိုးပြေသွားပြီလား "

Jungkookသည် မျက်မှောင်ကြုတ်၍ စဉ်းစားသလို လုပ်ပြီး
" မပြေသေးဘူး "

" ဟမ် မပြေသေးဘူးလား "

" အင်း ရေအတူတူချိုးရင် ပြေပေးမယ် "

Jungkookသည် ပြောရင်းဆိုရင်း Jiminကိုကောက်ပွေ့လိုက်သည်။ Jiminမှာ ရုတ်တရက် ကောက်ပွေ့ခြင်းခံလိုက်ရသဖြင့် လန့်ဖြန့်ကာ Jungkook၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဖက်တွယ်လိုက်သည်။ ထို့နောက် Jungkookသည် မျက်ခုံးတစ်ဖက်ပင့်၍ မေးလာသည်။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Tahanan ng mga kuwento. Tumuklas ngayon