Final Part

6.7K 500 33
                                    

Unicode

Jungkook သည် Jimin ဆေးရုံဆင်းသည်အထိ Jimin ဆီသို့ ရောက်မလာခဲ့ပေ။

" Mochiလေး ဘာစားမလဲ "

Sona သည် ပြတင်းပေါက်နားမှာ ငေးငိုင် ရပ်နေသော Jimin အနားသို့ ကပ်လာကာ Jimin လက်မောင်းလေးကို အသာကိုင်သည်။

"ဘာမှ မစားချင်ဘူး မမ "

"အောက်မှာ Jungkookie ရောက်နေတယ်... "

Jimin ၏ မျက်လုံးလေးများသည် ဖျတ်ခနဲ လက်သွားသည်ကို မြင်လိုက်၍ ကြိတ်ပြုံးသည်။

ကလေးကလည်း မျှော်နေရှာတာပဲ...

"သွားတွေ့မှာလား"

"... "

" Jungkookie က Mochi လေးနဲ့ မတွေ့ရမချင်း မပြန်ဘူးတဲ့...ကြာရင် ဖေဖေနဲ့ ပြဿနာတက်တော့မယ်...သိတဲ့အတိုင်းပဲလေ ဖေဖေက လက်ပါမှာ... "

Jimin မျက်နှာပေါ်တွင် စိုးရိမ်ရိပ်တို့ ဖြတ်ပြေးသွားကာ

" မမ... ကျွန်တော် ခဏ သွားတွေ့လိုက်မယ်နော် "

Sona က ခေါင်းညိတ်ပြုံးပြလိုက်တော့ Jimin သည် အခန်းထဲမှ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားတော့၏။

"ရော့... တစ်ခါတည်း လက်မှတ်ထိုးသွားလိုက် "

Jungkook ရှေ့သို့ ကွာရှင်းစာချုပ်ကို  Namjoon က ပစ်ချပေးသည်။ Jungkook က အရေးပင် မလှုပ်ကာ တုံဏှိဘာဝေ ထိုင်နေသည်။ ထိုအခိုက် Jimin ရောက်လာသည်ကို မြင်သည်နှင့် Jungkook သည် Jimin အနားသို့ စွေ့ခနဲ ရောက်သွားတော့၏။

" Baby! "

Jimin က တစ်ချက်သာ မော့ကြည့်လာပြီး ဆိုဖာပေါ်ရှိ ဒေါသထွက်နေသော Namjoon ဆီ အကြည့်ရောက်သွားတော့သည်။ ထို့နောက် အရှေ့ကနေ အိမ်အပြင်ဘက်သို့ ထွက်ခွာသွား၏။ Jungkook သည်လည်း Jimin အနောက်သို့ ထပ်ကြပ်မခွာ လိုက်လာကာ Jimin က ခြံထဲမှ သစ်ပင်တစ်ပင်အောက်တွင် ရောက်လိုက်တော့ သူ၏ ခြေလှမ်းများကိုလည်း ရပ်တန့်လိုက်သည်။
Jimin  သည် Jungkook နှင့် မျက်နှာချင်းဆိုင်သို့ လှည့်လာကာ

" ကွာရှင်းပေး..."

" ကိုကိုက လုံးဝကို ကွာရှင်းမပေးနိုင်ဘူး"

Jungkook၏ ယတိပြတ် ပြောစကားကြောင့် Jimin က မျက်မှောင်ကြုတ်လျက် ကြည့်လာတော့၏။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now