Part- 16

8.9K 704 43
                                    

Unicode

ရေမှုန်ရေမွှားလေးများသည် ကြွက်သားအပြည့်ဖြင့် တောင့်တင်းသော Jungkook၏ ခန္ဓာကိုယ်ပေါ်သို့ အလုအယက် ဆင်းသက်နေကြသည်။ Jungkookသည် သူ့မျက်နှာပေါ်သို့ကျဆင်းးနေသော ရေစက်လေးများကို သူ၏ ခပ်ကြီးကြီး လက်ဖဝါးတစ်စုံဖြင့်သက်ချနေသည်။ နှဖူးပေါ်သို့ ကျဆင်းနေသော ရေစိုဆံပင်များကိုလည်း အနောက်သို့လှန်တင်လိုက်သည်။ showerမှ ရေများသည် ခေါင်းမှတစ်ဆင့် တဖြည်းဖြည်းလျှောဆင်းလာကာ Jungkook၏ ခြေသလုံးများဆီအထိ ရောက်လာကြသည်။ ထို့နောက် သူ့ကိုယ်ပေါ်မှတစ်ဆင့် ရေချိုးခန်းကြမ်းပြင်ဆီသို့ နှမြောတသစွာ ဆင်းသက်သွားကြသည်။ ထိုလစ်လပ်သွားသော ရေများနေရာသို့ အခြားသောရေများ အစားထိုးဝင်ရောက်ကာ ထိုရေများသည်လည်း ကြမ်းပြင်ပေါ်သို့ ကျရောက်ရသည်ပင်။
Jungkook ရေများကို မျက်နှာမော့ကာ ခံယူနေစဉ် အပြင်ဘက်မှ လူခေါ်ဘဲလ်သံကိုကြားလိုက်ရလေသည်။
Jungkookသည် ရေခလုတ်ကိုပိတ်လိုက်ပြီးနောက် ရေချိုးခန်းထဲရှိ နံရံတွင်ချိတ်ထားသော မီးခိုရောင် bathrobeတစ်ထည်ကို ကောက်လျှိုလိုက်သည်။ ခေါင်းကိုလည်း တဘတ်တစ်ထည်ဖြင့် သုတ်ရင်း ရေချိုးခန်းထဲမှ ထွက်လာသည်။

ခေါင်းသုတ်လျက် တံခါးရှိရာသို့ လျှောက်သွားကာ မည်သူလာသည်ကိုပင် မကြည့်ဘဲ တံခါးကိုဖွင့်ပေးလိုက်သည်။ တံခါးပွင့်သွားလျှင်သွားချင်း ဘွားဘွားနှင့် Seokjinသည် စိုးရိမ်စိတ်လွှမ်းနေသော အမူအရာတို့ဖြင့် ဝင်လာကြလေသည်။

Jungkookက ခေါင်းကိုခြောက်အောင် အပြီးသတ်သုတ်လိုက်ပြီးနောက် တဘတ်ကို ဆိုဖာပေါ်သို့ လှမ်းပစ်တင်လိုက်လေသည်။
Jungkook ၏ဆံပင်တို့သည် ခပ်ဖွာဖွာဖြစ်နေကာ နှဖူးကျနေသောဆံပင်သည် အနည်းငယ်ရှည်နေပြီး မျက်လုံးကို ဖုံးချင်နေသည်။
Jungkookသည် ရှေ့ကို ကောင်းကောင်း မမြင်ရသဖြင့် မျက်လုံးဖုံးနေသော ဆံပင်အချို့ကို ဘေးဘက်သို့ သပ်တင်လိုက်ရင်း Seokjinတို့ဘက်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

" ဘွားနဲ့ အမေတို့ ဘာကိစ္စရှိလို့လဲ "

Seokjinနှင့် ဘွားဘွားတို့သည် Jungkookအခန်းကို ကျီးကန်းတောင်မှောက် ကြည့်နေကြသည်။ သူတို့ပုံစံက တစ်ခုခုကိိုရှာနေကြသလိုပင်။
Jungkookသည် သူတို့ကိုကြည့်ရင်း ထူးဆန်းသလိုမေးလိုက်သည်။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now