Part- 21

8.9K 716 23
                                    

Unicode

[A/N]
အောက်ပါ အကြောင်းအရာများကို အဆင်ပြေမှ ဖတ်ပါနော် Mature contentလည်း on ထားတာဆိုတော့ သိပ်လည်း မပြောတော့ပါဘူးနော် အဆင်ပြေသလိုသာ ဖတ်ကြပါ

" အာ... မငိုနဲ့လေ "
Jiminမျက်လုံးအိမ်မှ မျက်ရည်လေးများ စီးကျလာသည်ကို မြင်လျှင် Jungkookက Jiminကို ဆွဲပွေ့ကာ ပေါင်ပေါ်တင်လိုက်သည်။ Jiminက Jungkookရင်ဘတ်ထဲသို့ တိုးဝင်ကာ သူ့မျက်နှာကို ဖုံးကွယ်ထားသည်။

" Baby ... Jimin  ကိုကို့ကို ကြည့်ပါဦး "

Jungkookက Jiminမျက်နှာလေးကို အသာဆွဲယူလိုက်သည်။ ထို့နောက် မျက်နှာရဲရဲနုနုလေးပေါ်မှ မျက်ရည်လေးများကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။

" မငိုနဲ့လေကွာ... "

" ငိုအောင် ဘယ်သူလုပ်တာလဲ "

" ကိုကိုဘာမှမလုပ်ရသေးဘူးလေ "

" မသိဘူး ... သွား ... ဖယ်တော့ "

Jiminက Jungkookပေါင်ပေါ်မှ ဆင်းဖို့လုပ်သော်လည်း Jungkook၏ လက်တွေက သူ့ခါးကို တင်းကြပ်စွာ ရစ်သိုင်းလာသောကြောင့် ရုန်းမရဖြစ်နေသည်။

" ကိုကိုjungkook ... လွှတ် "

" ကိုကိုလို့ခေါ် "

" ဟွန်... "

" ကိုကိုလို့ခေါ်ရင် လွှတ်ပေးမယ် "

Jungkook က Jiminမျက်နှာလေးကို စိုက်ကြည့်ကာ ဆိုလျှင် နီရဲရဲ Jiminမျက်နှာက ပို၍ ရဲစွေးလာကာ နာရွက်ဖျားတွေအထိပင် ရဲလာတော့သည်။ Jungkookက မျက်စိရှေ့က နားရွက်နီနီလေးကို နှုတ်ခမ်းနှင့် ဖိဆွဲလိုက်လျှင် Jiminခန္ဓာကိုယ်လေးက တွန့်သွားသည်။ သူ့ခါးပေါ်က Jungkookလက်ကို ဆုပ်ကိုင်ထားသော လက်သည်လည်း တင်းခနဲဖြစ်သွားသည်။ သူက Jungkookမျက်နှာကို မရဲတရဲလေးကြည့်မိလျှင် Jungkookက  မျက်ခုံးတစ်ဖက် ပင့်ပြသည်။ Jungkookက နားရွက်ကို ဆွဲကိုက်လာပြန်သည်။

" ခေါ်မှာလား "

" ကိုကို... "

Jiminအသံလေးက တိုးညှင်းလွန်းလို့ သေချာနားစိုက်ထောင်မှကြားနိုင်လေသည်။ သို့သော် Jungkookကတော့ ကြားလိုက်ပါသည်။ ဒါပေမယ့်လည်း မကြားချင်ယောင်ဆောင်လိုက်လေ၏။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now