Part-10

7.5K 709 43
                                    

Unicode

" အစ်မနေ့လည်တုန်းက ဌာနမှူး Jeonနဲ့ ပထမနှစ်က Jiminလေးနဲ့က ဘာဖြစ်ကြတာလဲ "

သူနာပြုမလေးသည် နေ့လည်က Jeon Jungkookနှင့် Park Jiminတို့အကြောင်းကို သိလိုသောကြောင့် ထိုအချိန်တွင်ရှိခဲ့သော တစ်ခြားသူနာပြုတစ်ယောက်ကို တီးတိုးမေးမြန်းနေသည်။

" ငါလည်း မသိပါဘူးအေ ဌာနမှူးက ရုတ်တရက်ကြီး Jiminလေးကိုဆောင့်ဆွဲခေါ်သွားတာပဲ အဲ့တာပဲမြင်လိုက်တာဆိုတော့ ဘာဖြစ်ကြမှန်းလည်း မသိပါဘူး "

"သူတို့က ရင်းနှီးကြတာလား "

" သြော် ရင်းနှီးတာပေါ့ Jiminလေးက Jeonအိမ်တော်ရဲ့ အချစ်တော်လေးလေ မွေးစားသားလို့ကိုပြောလို့ရတာကို "

" ဟုတ်လား ညီမ အဲ့ဒီအကြောင်းတွေမသိဘူး"

" နင်က အသစ်ဆိုတော့ ဘယ်သိမလဲ Jiminလေးက ငယ်ငယ်ကတည်းက Jeonအိမ်တော်မှာကြီးပြင်းလာတာလေ Park Jiminဆိုရင် ဒီဆေးရုံကဆရာဝန်တွေမသိသူမရှိဘူး ဌာနမှူး Jeonရဲ့အဖိုး အရင်ဆေးရုံအုပ်ကြီးက အမြဲခေါ်လာနေကြလေ "

" ဟုတ်လား အာ့ဆို အမက Jiminလေးကို ငယ်ငယ်တည်းက မြင်ဖူးတာပေါ့ "

" ဒါပေါ့ ငါဒီဆေးရုံမှလုပ်လာတာ Jiminလေးတစ်သက်ရှိတော့မယ် "

" Jiminလေးက ငယ်ငယ်တုန်းက တော်တော်ချစ်ဖို့ကောင်းမှာပေါ့နော် "

" ချစ်ဖို့ကောင်းတာပေါ့လို့ အမလေး ဒီဆေးရုံက ဆရာဝန်တွေ သူနာပြုတွေရဲ့ သည်းသည်းလှုပ်လေး ငယ်ငယ်တုန်းကဆို လုံးလုံးကစ်ကစ် ဖောင်းဖောင်းလေးနဲ့ ဘယ်လောက် အသည်းယားစရာကောင်းလိုက်သလဲ "

သူနာပြုက ပြောရင်းဖြင့်ပင် Jiminကလေးအရွယ်က ပုံရိပ်လေးကို မြင်ယောင်သွားပုံရကာ Jiminပေါက်စလေးကိုအူယားနေလေသည်။

" ချစ်စရာလေးနေမှာ မြင်ဖူးချင်လိုက်တာ "

သူတို့စကားပြောနေစဉ်သူတို့ရှိရာ ဘက်သို့ Jungkookလျှောက်လာ၍ ပြောစကားများကို ရပ်တန့်ကာ ကိုယ့်အလုပ်ကိုဆက်လုပ်ကြရသည်။
Jungkookသည် လူနာကို စမ်းသပ်ပေးပြီး

Jungkook "လူနာ ၊ မနေ့ကဆေးမသောက်ဘူးလို့ ကျွန်တော်ကြားတယ်နော်"

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Donde viven las historias. Descúbrelo ahora