Part- 22

8.6K 668 41
                                    

Unicode

နေလုံးကြီးသည် တဖြည်းဖြည်း အနောက်ရပ်သို့ နိမ့်ဆင်းသွားကာ ညချမ်းအချိန်သို့ ရောက်ရှိလာသည်။ အခန်းထဲရှိ Jiminကတော့ ခုတင်ပေါ်မှ တသ်ဖဝါးမျှပင် မခွာပေ။ အောက်ထပ်သို့ ဆင်းရန်လည်း ဘယ်လိုမျှခေါ်မရပေ။ ထို့ကြောင့်Jungkookသာ အောက်ဆင်းညစာစားပြီးနောက် မနက်ကအတိုင်း ထမင်းကို အခန်းထဲထိသယ်သွားကာ Jiminကို ထမင်းကျွေးရသည်။ စားပြီးနောက်လည်း ပန်းကန်များကို အောက်သို့ ပြန်သွားထားရလေပြန်၏။

Jungkook က စာကြည့်စားပွဲမှာ ထိုင်ကာ ဆေးပညာနှင့်ပတ်သက်သော စာအုပ်တစ်ခုကို ဖတ်နေသော်လည်း Jimin က ဖုန်းနှင့် မျက်နှာမခွာပေ။ တစ်နေကုန် အိပ်ယာပေါ်မှာ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသည်။

အရင်တုန်းက စာအုပ်နှင့် မျက်နှာမခွာသော ကလေးက ဒီနေ့တော့ ထူးထူးခြားခြား ဖုန်းကိုအသည်းအသန်ကြည့်လို့နေပါလား...

စာအုပ်ကိုပိတ်လိုက်ပြီး စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် Jungkook အကြောဆန့်ရင်း  စားပွဲပေါ်မှ နာရီကိုကြည့်မိတော့ 11နာရီတောင် ကျော်နေပြီ။ Jiminကိုလှမ်းကြည့်တော့ ထိုပေါက်စက ဖုန်းအကြည့်မပြတ်။

ဒီပေါက်စ မျက်စိမညောင်းဘူးလား... တစ်နေကုန် ဖုန်းကြည့်နေတာ... ဘာတွေများ အဲ့လောက်ကြည့်နေတာလဲ

Jungkookက မွေ့ယာနားသို့ လျှောက်သွားကာ မွေ့ယာပေါ်ထိုင်ချလိုက်သည်။ Jungkookထိုင်လိုက်သည်ကို သိသော်လည်း Jiminက မျက်လုံးတစ်ချက်သာ လှန်ကြည့်ပြီးနောက် အကြည့်ကို ဖုန်းဆီသို့သာ ပြန်ပို့လိုက်၏။ ဘာကြည့်နေသည်ကို သိချင်သောကြောင့် အနားသို့ တိုးကပ်ကာ Jungkookကြည့်လိုက်သည်။

အကောင်ပေါက်က korea ကားကြည့်နေသည်တဲ့... သူလိုစာအုပ်နဲ့ မျက်နှာ မခွာတတ်တဲ့ ကလေးက ဇာတ်ကားလည်းကြည့်တတ်တယ်လား...

" Baby ဇာတ်ကားကြည့်နေတာ တော်လိုက်တော့ ...အိပ်ချိန်ရောက်နေပြီ "

" ခဏလေး...ဒီမှာ ဇာတ်ရှိန်တက်နေပြီ "

" ဘာမှ ဇာတ်ရှိန်တတ်မနေနဲ့ ... 12ထိုးတော့မှာ "

" ပြီးတော့မှာ 2ပိုင်းလောက်ပဲ လိုတော့တာ "

2ပိုင်းတောင်လိုသေးတာကို ဘာပြီးတော့မှာလဲ ၊ ဒီပေါက်စ ငါဆောင့်ကန်လိုက်ရ၊ သူက ညလုံးပေါက် အပြီးကြည့်ဖို့စဉ်းစားနေတာလား၊ တစ်နေကုန်ကြည့်နေတာကို မျက်စိထိခိုက်မှာ မသိဘူးလား

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now