Part- 11

6.8K 677 40
                                    

Unicode

Jiminသည် ထမင်းစားရင်း ငေးငိုင်နေလေသည်။

" Jimin Jimin "

Taehyung၏ခေါ်သံကိုကြားမှ Jiminသည် ငေးငိုင်နေရာမှ အသိပြန်ဝင်လာသည်။

" အေး ဘာလဲ "

" ဘာတွေငိုင်နေတာလဲ၊ ထမင်းစားလေ "

" အင်း စားနေပါတယ် "

ဟုပြောသော်လည်း Jiminကထမင်းတွေကိုစိတ်မပါလက်မပါဖြင့် ဟိုထိုးဖွဒီထိုးဖွ လုပ်နေသဖြင့် ပန်းကန်ထဲက ထမင်းတွေမှာ ပွလန်ကြဲနေလေပြီ။ ထိုအဖြစ်ကို ကြည့်ရင်း စိတ်မရှည်တော့သော Taehyungက Jimin ၏ခေါင်းကို ခွပ်ခနဲမြည်အောင် ဇွန်းဖြင့်ခေါက်ချလိုက်သည်။ တစ်ပြိုင်နက်တည်းဆိုသလို နာကျင်ခြင်းကြောင့် Jimin၏ အော်သံလည်းထွက်ပေါ်လာသည်။

" အား... "

" ရားးး Kim Taehyung အခုဘာလုပ်လိုက်တာလဲ "

ခေါက်ခံလိုက်ရသောခေါင်းလေးကိုပွတ်ရင်း Taehyungကို Jimin ရန်ပြန်တွေ့တော့သည်။

" ခေါက်လိုက်တာလေ "

Taehyungသည် ဇွန်းကိုယမ်းပြကာ ဆိုတော့ Jimin ဒေါပွသွားသည်။

" ဘာ..."

" အခုမှ Park Jiminရုပ်ပေါက်တော့တယ် "

Jimin၏စိတ်ဆိုးမာန်ဆိုးဖြစ်နေသောရုပ်ကိုကြည့်ကာ Taehyungက ပြောတော့

" ဘာကြီး "

ဟု Jiminက နားမလည်ဟန်မေးသည်။

" Jiminရား ကိုယ့်ရုပ်ကိုရော မှန်ထဲကြည့်ပြီးပြီလား ဟမ် "

" ငါ့ ရုပ်က ဘာဖြစ်နေလို့လဲ "

" မုဆိုးမ လင်သေတဲ့ ရုပ်နဲ့ "

" ဟမ် မုဆိုးမက အစကတည်းက လင်သေလို့ မုဆိုးမဖြစ်တာမဟုတ်ဘူးလား မုဆိုးမ လင်သေရုပ်ဆိုတာဘာကြီးလဲဟ "

Taehyungသည် Jiminကို တုံးရန်ကောဟူသည့် အကြည့်ဖြင့်ကြည့်လိုက်ပြီးနောက် အကျိုးအကြောင်းရှင်းပြလေသည်။

" ပထမလင်သေလို့ မုဆိုးမဖြစ်တာမလား "

" အင်းလေ "

" လင်သေလို့ နောက်လင်ထပ်ယူပါတယ်ဆိုမှ အဲ့လင်ကပါ သေသွားတော့ အဲ့မုဆိုးမ ဘယ်လိုခံစားရမလဲ "

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now