Part-3

7.1K 711 8
                                    

Unicode

"ဟေ့ရောင် Jungkook မင်း Nara ကိုလိုက်နေတာ ဘယ်လိုလဲ အဆင်ပြေလား"

အတန်းဆင်းချိန် အခန်းထဲမှ ထွက်လာတော့ Yoongiကအနောက်ကနေ ပုခုံးလှမ်းဖက်ကာ ကျွန်တော့ကို ကျွန်တော်လိုက်နေသော ကောင်မလေးနှင့်အခြေအနေကြောင်းမေးမြန်းစကားဆိုသည်။

" Yoongi ရာငါကဘယ်သူလဲ"

"မင်းက  Jungkook လေကွာ"

"အင်းလေ ငါက Jungkook ဆိုတော့ Ok တာပေါ့ ၊ သူက ငါမဆွတ်ခင်ကတည်းကညွှတ်ချင်နေတာပါကွာ"

"ဟုတ်မှလည်းလုပ်ပါ သားကြီးရာ၊ အဲ့ကောင်လေးမက  ခေသူမဟုတ်ဘူးနော်"

"မင်းကလည်း ငါလိုက်ရင် မရတာမရှိပါဘူးကွာ၊ ငါကို ဘယ်သူမှ မငြင်းနိုင်ပါဘူးကွာ"

"လေကြီးမနေစမ်းပါနဲ့"

"လေမဟုတ်ဘူးတကယ်ဆိုတာ သက်သေပြမယ် စောင့်ကြည့်နေလိုက်"

Yoongiကပုခုံးတွန့်ပြလိုက်သည်။

တောင်..တောင်
Message notiသံကြောင့် ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို နှိုက်ထုတ်ကာ ဖွင့်ဖတ်လိုက်သည်။

📩 Jeon Jungkookမင်းနဲ့စာရင်းရှင်းစရာရှိတယ်၊
ကျောင်းနောက်ကလမ်းနားကိုလာခဲ့😡🤬

"ဟက်"
ကျွန်တော့်၏မဲ့ပြုံးကိုမြင်လိုက်သော  Yoongiက
"ဘယ်သူ့ဆီက မက်ဆေ့လဲ" ဟုမေးလာသည်။

"ဟိုကောင် Junghoဆီက"
Jungkookသည်မက်ဆေ့ကို Yoongi ကိုပြလိုက်တော့

"မင်း Nara ကိုလိုက်တဲ့ကိစ္စနေမှာ အဲ့ကောင်လည်းလိုက်နေတယ်လို့ကြားတယ်" ဟု ထင်မြင်ချက်ပြုသည်။

Jungkookကနှာခေါင်းရှုံ့လိုက်ပြီး
"သူကငါနဲ့ယှဉ်ချင်တာပေါ့၊ လာ ပြောနေတာကြာတယ် သွားမယ်"

"ဟာ ဟေ့ရောင်သူတို့က အုပ်စုတောင့်တယ်နော်"

"အဲ့တာတွေ ငါ စောက်ဂရုမစိုက်ဘူး၊ဘာလဲ မင်းက မလိုက်ချင်လို့လား၊ ရတယ်ငါတစ်ယောက်တည်းသွားမယ်"

"ဟာ Jungkookမင်းကလည်း စိတ်ကြီးဘဲ
ငါကမလိုက်ချင်လို့မဟုတ်ဘူးကွ၊ သူတို့က
7ယောက်8ယောက်လောက်ရှိတာ  ငါတို့ကအခု2ယောက်တည်းဟိုကောင်တွေကိုလည်းခေါ်လို့အဆင်မပြေဘူးဟ"

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now