Part- 15

7.6K 697 26
                                    

Unicode

Taeminဆီသို့ စိတ်မရောက်နိုင်အောင် စာကိုသာ  အာရုံစိုက်နိုင်အောင် Jungkookသည် ဘေးမှနေ၍ ကြပ်မတ်ပေးသဖြင့် Jiminသည် စာမေးပွဲကိုအောင်မြင်စွာဖြေဆိုနိုင်ခဲ့သည်။ Jungkookသည် Taeminနှင့် ကိစ္စနှင့်ပတ်သက်၍ ဘာမှမပြောလာချေ။ သောင်းကျန်းခြင်း၊ ဒေါသထွက်ခြင်း စိုးစဉ်းမျှမရှိပေ။ Jiminကိုပင် ဘေးမှနေ၍ နှစ်သိမ့်ပေးလာခဲ့သည်။ Jiminငိုင်နေခဲ့လျှင်လည်း တစ်ခြား စိတ်ဝင်စားစရာများပြောပြကာ အာရုံလွှဲပေးခဲ့သည်။
သို့သော် Jungkookသည် အနည်းငယ်ထူးဆန်းနေခဲ့သည်။ ထိုသည်ကိုလည်း Jiminသတိထားမိသည်။ သို့သော် သူသည် ဘယ်ကထူးဆန်းနေသည်မှန်းကို မပြောတတ်ပေ။ Jungkookသည် ထိုကိစ္စများဖြစ်ပျက်ပြီးနောက် သူ့အပေါ်တွင် အရင်ကလို မဟုတ်တော့ပဲ ပြောင်းလဲဆက်ဆံလာသည်။ တစ်ခါတလေ အလိုလိုက်သလိုပင်။ အရာရာကို လိုက်လျောပေးသလိုပင်။ ဒေါသထွက်စရာကိစ္စကိုပင် ဒေါသထွက်မလာပဲ လေပြည်လေးဖြင့် ပြုမူလာလေသည်။
Jiminသည် Jungkook၏ ပြောင်းလဲမှုတွေကို ဒီအတိုင်းပဲဟု မှတ်ယူကာ စာမေးပွဲကိုသာ အာရုံစိုက်ခဲ့သည်။ စာမေးပွဲဖြေပြီးချိန်တွင် Jiminအဖေဘက်မှ အဘိုးအဘွားတွေက ခေါ်သဖြင့် Jiminသည် Busanသို့ Taehyungနှင့်အတူ သွားလည်လေသည်။

ဒီနေ့သည် Namjoon၏ မွေးနေ့ဖြစ်သဖြင့် Jiminသည်  Busanမှ Jeonစံအိမ်သို့ပြန်လာခဲ့သည်။
Jimin တက်တက်ကြွကြွဖြင့် အိမ်ထဲကိုဝင်လာခဲ့သည် ။

" ဘွားဘွား သားပြန်ရောက်... ရောက် "
ဧည့်ခန်းထဲက အခြေအနေကြောင့် Jimin၏စကားတို့သည် တစ်ဝက်တပြတ်တွင်ရပ်တန့်သွားသည်။

ဧည့်ခန်းထဲတွင် Namjoon ကိုဘွားဘွားက ကြပ်ထုပ်ထိုးပေးနေသည် ။ 

" Mochiရေ ... weather is not good "

Jung Hyungက Jiminအနားသို့ ကပ်လာကာ တိုးတိုးလေးပြောလေသည်။
Jiminကလည်း တိုးတိုးလေး ပြန်မေးလိုက်သည်။

" ဘာဖြစ်နေတာလဲ... ဦးဖေမျက်နှာကို ဘယ်သူကလုပ်လိုက်တာလဲ "

" ဘယ်သူရှိမလဲ... မေမေပေါ့ "

" ဒေါ်လေးလား ... ရန်ဖြစ်ကြတာလား "

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now