Part- 26

7.7K 641 52
                                    

Unicode

တံခါးဖွင့်သံကြောင့် Jiminသည် စာကြည့်စားပွဲတွင် စာကြည့်််နေရာမှ တံခါးရှိရာသို့ လှမ်းကြည့်လိုက်သော်လည်း ချက်ချင်းပင် အကြည့်လွှဲလိုက်သည်။
Jungkookသည် အပေါ်တွင်ဝတ်လာသော ကုတ်ကို ချွတ်ကာ ဗီရိုထဲတွင် ချိတ်လိုက်ပြီးနောက် ရေချိုးခန်းတွင်းသို့ ဝင်သွားလေသည်။ Jungkook ရေချိုးခန်းထဲမှ ထွက်လာသည်အထိ Jiminက စာကြည့်စားပွဲတွင် ထိုင်နေဆဲ။ Jungkook ညဝတ်အိပ်ရန် ပေါ့ပေါ့ပါးပါး အဝတ်စားတို့ကို လဲဝတ်ပြီးနောက် ခုတင်ပေါ်တွင် လှဲလိုက်သည်။ Jungkook Jiminကိုလှမ်းကြည့်လိုက်ပြီး စားပွဲပေါ်က နာရီကို ကြည့်လိုက်တော့ မနက်  ၁နာရီပင် ထိုးလုပြီ။

" baby လာအိပ်တော့ "

Jungkookကို အရေးမစိုက်ဘဲ Jiminသည် စာကြည့်စားပွဲတွင် ထိုင်နေဆဲ။

" Baby "

" Baby... "

Jiminက လုံးဝကို အရေးမလုပ်။
Jungkookက ကျစ်ခနဲ စုတ်သပ်လိုက်ကာ Jiminရှိရာသို့ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ Jungkook က Jimin ခန္ဓာကိုယ် စွတ်ခနဲ ကောက်ပွေ့လိုက်တော့ Jimin က အလန့်တကြား Jungkook လည်ပင်းကို သိုင်းဖက်လာသည်။

" အိပ်မယ် "

Jungkook၏ အသံက မာဆတ်ဆတ်။ မျက်လုံးပြူးလေးဖြင့် Jungkookကို ကြည့်လာသော်လည်း ဘာစကားမှတော့ ပြောမလာပေ။ Jungkookက ခုတင်ရှိရာ ပွေ့ခေါ်လာတော့လည်း Jiminက မရုန်းပေ။ အသာတကြည်သာ လိုက်ပါလာသည်။ Jungkookက Jiminကို အိပ်ရာပေါ်သို့ အသာချပေးလိုက်လျှင် Jiminက တစ်ဖက်သိို့ စောင်းလှည့်ကာ မျက်လုံးများကို ပိတ်လိုက်၏။ Jungkookလည်း တစ်ဖက် လွတ်နေသော သူ့နေရာတွင် ဝင်လှဲလိုက်ကာ သူ့ကို ကျောပေးထားသော Jimin ကိုယ်လေးကို ဆွဲလှည့်ပြီး ရင်ခွင်ထဲထည့်ကာ တိုးဖက်ထားတော့သည်။ ရင်ခွင်ထဲက Jiminကတော့ တုတ်တုတ်မျှ မလှုပ်။

နေစူးသဖြင့် Jimin၏ မျက်လုံးများသည် မဖွင့်ချင်ဖွင့်ချင် ဖွင့်လျက်ရှိသည်။ နေရောင်ကို မျက်မှောင်ကုတ်ကြည့်ကာ Jiminက တစ်ဖက်ကို စောင်းအိပ်လိုက်သည်။ ပြန်၍ အိပ်ပျာ်လုဆဲဆဲတွင် ခုတင်ဘေး စားပွဲပေါ်ရှိဖုန်းသံမြည်လာသဖြင့် ဆူပုပ်ပုပ်ဖြင့် Jiminက ဖုန်းကို ကောက်ကိုင်လိုက်သည်။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now