Part- 25

7.3K 671 64
                                    

Unicode

" Baby Babyရေ ထတော့ကွာ "
အိပ်ခန်းထဲတွင် Jungkook၏အသံလွင်လွင်လေးက ပျံ့လွင့်နေသည်။ Jungkook၏ နှုတ်ဖျားမှ ရွတ်နေသော babyလေးမှာတော့ ကုတင်ပေါ်မှ စောင်အောက်တွင်နစ်မြုပ်ကာ အိမ်မောကျနေသည်။

" Baby ရေ ကိုကို့babyလေးထတော့ကွာ "

Jungkookက အိပ်နေသောJiminအနားသို့တိုးသွားကာ Jiminနှာခေါင်းလေးကို ဆွဲညှစ်ပြီး  baby babyဟု တကြော်ကြော်ခေါ်ကာ အိပ်ယာနှိုးခြင်းအမှုကို လုပ်ဆောင်နေ၏။

" အင်းးး "

Jiminဆီမှ အသံရှည်ဆွဲကာ ချစ်ဖွယ်ရာ ညည်းညူသံလေးထွက်လာသည်။ ထို့နောက် အိပ်ချင်မူတူး ခပ်အက်အက် စကားသံလေးလည်းထွက်ပေါ်လာသည်။

" ဘယ်နှနာရီ ရှိပြီလဲ "

" နေ့လယ် 2နာရီထိုးနေပြီ "

" အွန်း ခဏထပ်အိပ်ဦးမယ် " ဟုပြောကာ တစ်ဖက်လှည့်ပြီး ပြန်အိပ်ဖို့ပြင်နေသူကြောင့် Jungkook ဆွဲကာတားလိုက်သည်။

" ဟိတ်ဟိတ်....baby ဆက်မအိပ်နဲ့တော့လေ   အကြာကြီးအိပ်ရင် ခန္ဓာကိုယ်တွေနာလိမ့်မယ် ထတော့ကွာ "

Jungkook၏ တားမြစ်မှုကြောင့် မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းထော်၍ Park Jiminတို့မကျေမချမ်း စကားဆိုတော့သည်။

" ကိုကိုရာ ဘာဖြစ်နေတာလဲ အိပ်ချင်သေးတယ်လို့ ညက Game ဆော့ပြီး မနက် 7နာရီမှအိပ်ရတာလေ အခုမှ 2နာရီရှိသေးတာကို အိပ်ဦးမှာလို့ လာမနှိုးနေနဲ့  မထဘူး "

သူ့များဘယ်သူက ခြိမ်းခြောက်ပြီး အဲ့လောက်နောက်ကျမှအိပ်ခိုင်းလို့လဲ ကိုယ်သာ dutyပြီးလို့ပြန်မလာရင် ဒင်းလေးက ဘယ်အချိန်ထိဆော့မလဲမသိ ည duty ဆင်းပါတယ် အိမ်ကအကောင်ပေါက်က ဖြစ်ချင်တိုင်းဖြစ် သူ့ကို စာလေးတော်ပြီး လိမ္မာတဲ့ကလေးလို့ထင်ခဲ့မိတာ Park Jiminတို့က မထင်ရဘူး ကြောင်သူတော်

" မင်းက အခုချိန်ထိမထသေးဘူးဆို ဘယ်ချိန်ထဖို့စဉ်းစားထားတုန်း ပြောစမ်းပါဦး"

ဟုတ်တယ်...စိတ်မရှည်တော့
babyလို့လည်း ချော့မော့ကာ မခေါ်ချင်တော့...
အကောင်ပေါက်က တစ်နေ့တခြား ဆိုးလာသည်။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)حيث تعيش القصص. اكتشف الآن