Part- 28

6.8K 492 35
                                    

Unicode

ညနေခင်း ဂျူတီထွက်ပြီးနောက် Jungkookသည် ဂဏန်းဆန်ပြုတ်ဝယ်ရန် Yoongi တို့ဆိုင်သို့ ရောက်လာခဲ့သည်။

" ဟာ Jungkook မလာစဖူး အလာထူးနေပါလား "

" အင်း... Hoseok ငါ ဂဏန်းဆန်ပြုတ်လေးဝယ်ချင်လို့ "

" ဘယ်သူနေမကောင်းလို့လဲ"

" ဘယ်သူရှိရမှာလဲ... အိမ်ကဟာလေး ပေါ့ "

" ဟေ့ရောင် Jeon Jungkookမတွေ့ရတာတောင် ကြာပြီ... မင်းကလည်း"

Jungkook၏ အထက်တန်းတုန်းက သူငယ်ချင်းတွေက Jungkookကို လာနှုတ်ဆက်ကြ၏။

" ဟာ... ဟေ့ရောင်တွေ "

" Doctorကြီးက အရမ်း စိမ်းကားတယ်ကွာ"

" မဟုတ်ပါဘူးကွာ... ငါလည်း အလုပ်များနေလို့ပါကွ "

" ဘာပဲဖြစ်ဖြစ် အခုလိုဆုံတုန်းလေးသွားသောက်ရအောင် "

" ငါ အလုပ်ရှိသေး... "

Jungkook က ငြင်းမည် ကြံလိုက်သော်လည်း သူငယ်ချင်းတစ်ယောက်က ဖြတ်ပြောလာသည်။

" မင်းကလည်းလုပ်ပါကွာ ငါတို့အခုမှ ပြန်ဆုံရတာကို "

Hoseokကလည်း
" ဟုတ်သား Jungkookရာ... ငြင်းမနေနဲ့ ငါတို့အတူတူသွားကြရအောင် "

ထိုသူငယ်ချင်းတွေက Jungkook ပြန်ရောက်ကတည်းက တစ်ခါမှ မဆုံရသေးဘဲ လက်ထက်ပွဲလည်း မဖိတ်လိုက်ရသဖြင့် Jungkook သည် မငြင်းသာတော့ဘဲ သဘောတူလိုက်ရတော့သည်။ အိမ်က Jiminကိုလည်း စိတ်ပူသဖြင့် ဖုန်းဆက်လိုက်သော်လည်း Jimin က  ဖုန်းမကိုင်ခဲ့ပေ။ ထို့ကြောင့် Jungkookက အိမ်ပြန်နောက်ကျမှာဖြစ်ပြီး Yoongi ဆိုင်ကနေ ဆန်ပြုတ်လာပို့မည်ဖြစ်ကြောင်း စာပို့ထားလိုက်သည်။

" Yoongiရော...ခေါ်လိုက်လေ "

" Yoongiက Kang hyungနဲ့ အပြင်သွားတယ်ဟ... "

" ဪ... ဒါဆိုလည်း ငါတို့ပဲ သွားကြတာပေါ့ "

Bar အတွင်းသို့ သူတို့ရောက်တော့ ထိုင်စရာနေရာ ရှာနေစဉ် Jungkookသည် ဒေါသတကြီးဖြင့် စားပွဲဝိုင်းတစ်နေရာသို့ လျှောက်သွားသောကြောင့်  Hoseokတို့သည်ဘုမသိဘမသိဘဲ Jungkook နောက်သို့  လိုက်သွားရလေသည်။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Место, где живут истории. Откройте их для себя