Extra-3

7.9K 481 15
                                    

Unicode

Jungkook တံခါးလျှို့ဝှက်ကုတ် နှိပ်ကာ တံခါးဖွင့်ဝင်လိုက်သည်နှင့်တစ်ပြိုင်နက်
သူ့မျက်လုံးများ ပြူးကျယ်ကုန်ရ၏။

"အဟွတ် အဟွတ် baby... ဘယ်လိုဖြစ်လို့"

"ကိုကို မောလာမှပေါ့ ရော့ရော့ ရေတစ်ခွက်လောက် သောက်လိုက်ဦး"

Jimin လက်ထဲမှာ အသင့်ရှိသော ဖန်ခွက်ကို ကိုကို့လက်ထဲထည့်ပေးတော့ ကိုကိုက အယောင်ယောင်အနန မော့သောက်သည်။

"ကိုကို ပင်ပန်းနေပြီလား၊ ရေချိုးတော့မလား၊ ညစာအရင်စားမလား၊ ဘာအရင်လုပ်မလဲ"

"နေ.နေပါဦး babyရဲ့ ဘာလို့ ဒီလိုဝတ်ထားရတာလဲ"

ကိုကိုက သူ့ခန္ဓာကိုယ်အောက်ပိုင်းကိုကြည့်ကာ မေးသည်ကို ဂျီမင်က ခပ်ပြုံးပြုံးလေးဖြင့်

"ဘာဖြစ်လို့လဲ၊ ကိုကိုက မကြိုက်လို့လား၊ အာ့ဆိုသွားလဲလိုက်မယ်"

ဂျောင်ကု  babyကို ဖမ်းဆွဲကာ

"လဲမနေပါနဲ့"

"အာ့ဆိုလည်း ထမင်းစားကြစို့၊ ဗိုက်ဆာပြီ"

"အွန်းအွန်း"

မီးဖိုချောင်ရှိရာသို့ လျှောက်သွားသော Jiminခြေတံဝင်းဝင်းတွေကိုသာ ဂျောင်ကု လိုက်ကြည့်နေမိသည်။

ဘာစိတ်ကူးပေါက်သည်လည်းမသိ။ ကိုယ့် ရှပ်အင်္ကျီကြီး ဝတ်ထားပြီး အောက်ပိုင်း အတိုလေးနဲ့။ Park Jiminက ဘာဖြစ်ချင်ပြန်ပြီလဲမသိဘူး။

မီးဖိုခန်းထဲဝင်သွားသော Jiminတော့ ကျေနပ်ပြုံးကြီးဖြင့်။ ဒီယုန်မြင်လို့ ဒီခြုံထွင်လိုက်တာ ဟဲဟဲ... သေချာပေါက် အောင်မြင်အောင်လုပ်ရမယ် ဖိုက်တင်း Park Jimin

......

ညစာစားပြီးနောက် Jimin ပန်းကန်လုဆေးကာ Jungkook ကို ထိုင်ခုံတွင် ထိုင်စောင့်ခိုင်းလိုက်သည်။

ဖင်လေးတလှုပ်လှုပ်ဆေးနေသော Jimin ကြောင့် Jungkook မျက်နှာလွှဲထားရသည်။ မဟုတ်ရင်တော့ မလွယ်ချေ။ ဘာဖြစ်သွားနိုင်သည်လဲဆိုတာ ကိုယ့်ကိုကိုယ်အသိဆုံး။

ပန်းကန်ဆေးပြီးနောက် Jimin နွားနို့တစ်ခွက်ယူလာကာ ကိုကို့ လက်ထဲထည့်ပေးလိုက်သည်။ ကိုကိုက တစ်ငုံသောက်ပြီးနောက် စားပွဲပေါ် တင်လိုက်ချိန် Jimin ကိုကို့ပေါင်ပေါ်သို့ ကိုကိုနှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်ကာ

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now