Part-14

7.1K 688 38
                                    

Unicode

" PARK JIMIN "

Jimin၏ ကျောပြင်သည် တုန်သွားလေသည်။ ထို့နောက် အနောက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လျှင် မြင်လိုက်ရသောသူကြောင့် ထိတ်လန့်သွားရသည်။
Jungkookသည် လက်ထဲတွင် အထုပ်တစ်ခုဆွဲထားရင်း Jiminကို မျက်မှောင်ကြုတ်ကြည့်နေသည်။

" ဒါက ဘယ်ကိုလဲ "

" ဟို...ဟို Taehyungဆီ Taehyungကခေါ်ထားလို့ "

Jungkookက မင်္သာကာသောအကြည့်ဖြင့် ကြည့်လျှင် Jiminသည် နှလုံးတွေ တဒိန်းဒိန်းခုန်ကာ ချွေးစေးတွေပင် ပြန်လာသည်။
ဒီနေ့သည် တနင်္ဂနွေနေ့ဖြစ်ကာ Taeminတွေ့ရန်ချိန်းထားသည်။ ပုံမှန်ဆိုရင် Jiminသည် ထိုကဲသို့ ချိန်းကာ မတွေ့ရဲပေ။ Jungkookကိုကြောက်ရသည်မလား။သို့သော် ဒီနေ့ Jungkookသည် တနေကုန်dutyရှိသည်ကို သိသောကြောင့် Taeminနှင့် ချိန်းဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် လမ်းထိပ်တွင် ဘယ်ကနေဘယ်လို ရောက်လာမှန်း မသိသောJungkookနှင့် ဆုံနေရာ သူသည် အခက်တွေ့နေရသည်။

" ကိုကို Jungkookက duty မရှိဘူးလားဟင် "

" ရှိတယ်...အမေကခေါ်ထားလို့ "

" သြော်... ဟုတ်လား ဒါဆိုသွားတော့မယ်နော် "
ဟု ပြောလျက်ပင် Jiminသည် Jungkookရှေ့မှ အမြန်လစ်ထွက်တော့သည်။
Jungkookသည် Jiminကို မျက်စိတစ်ဆုံးလိုက်ကြည့်ပြီး Jiminမျက်လုံးရှေ့မှ ပျောက်သွားကာမှ သူ့ကားရှိရာသို့ သွားသည်။

အဲ့အကေင်ပေါက် မသင်္ကာစရာကောင်းတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ ။

ခဏနေပါဦး အဲ့လောက်ချစ်ဖို့ကောင်းအောင် ပြင်ဆင်ထားတာ ...Taehyungနဲ့သွားတွေ့မှာရော ဟုတ်ရဲ့လား

Jungkookက Jiminသွားရာဘက်သို့လှည့်ကြည့်ကာ လိုက်သွားရန် ခြေလှမ်းပြင်လိုက်သော်လည်း မလိုက်တော့ပါဘူး သူ့ဘာသာ လွတ်လွတ်လပ်လပ်နေပါစေဟု အတွေးပြန်ဝင်လာသောကြောင့် ကားဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားပြီး ကားပေါ်တက်ကာ မောင်းထွက်သွားတော့သည်။

" ကလေး... "

Taeminက ရုပ်ရှင်ရုံအပေါက်ကနေ Jiminကိုလက်လှမ်းပြသည်။
Jiminက Taeminအနားသို့ အပြေးလေး သွားသည်။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Kde žijí příběhy. Začni objevovat