Part-5

7K 677 16
                                    

Unicode

"Jimin ,  ထမင်းသာကုန်းစားနေလိုက် သိလား"
Jimin က ကန်တင်းတွင် ထမင်းသာ စားနေသောကြာင့် Taehyungက အားမလို အားမရ အပြစ်တင်သည်။

"ထမင်းမစားလို့ ငါကဘာလုပ်နေရမှာလဲ"

"ကိုယ့် crush ကြီးက အနားမှာရောက်နေတာကို စကားလေးဘာလေးပြောပေါ့ဟ"

"ငါ ရင်တွေတုန်နေပြီး ဘာပြောရမှန်းလည်း မသိဘူးဟာ၊ ဘာစကားမှလည်း ထွက်မလာဘူး ၊ နှလုံးအခုန်မြန်ပြီး သေတော့မလားလို့တောင်ထင်ရတယ်ဟ"

"အာ့ဆိုလည်းသေလိုက်တော့"

"ဘာ Kim Taehyung"

"မင်းဟာက ဒီတစ်သက် နီးစပ်ဖို့လမ်းမမြင်ဘူး၊ အခုလိုမထုံတက်ထေးနဲ့ သူများနောက်ပါသွားမှာ မြင်ယောင်သေး၊ နောက်မှ Taehyung ရေဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး လာငိုပြလို့ကတော့ ဆောင့်ကန်လွှတ်မှာ ၊ လူတစ်ယောက်လုံးအနားမှာ ရောက်နေတာကို တစ်သက်လုံးစားရမယ့် ထမင်းကို အခုမှစားဖူးတဲ့အတိုင်း ကုန်းစားနေလိုက်တာ မပြောချင်ဘူး၊  တော်ပြီ မောတယ်၊ သွားတော့မယ်"

Kim Taehyungတစ်ယောက်မပြောချင်လို့သာတော်ရော့မယ် ၊ ပြောသွားလိုက်တာများ   တစ်လဆက်ဘဲ။

"Taehyung, စောင့်ဦးဟ"

Jimin ညစာစားဖို့ အောက်ထပ်ကိုဆင်းလာတော့ တမင်းစားခန်းထဲက ဘွားဘွား၏ စကားသံကြောင့် ခဏရပ်ပြီးနားထောင်နေလိုက်သည်။

"ဒေါ်ရင်၊ မနက်ဖြန် မြေးလေး Jungkook ပြန်လာတော့မှာဆိုတော့ မြေးလေးကြိုက်တဲ့ဟင်းတွေချက်ထားနော်"

ဘွားဘွားပြောလိုက်သောစကားကြောင့် Jimin နှလုံးသွေးတွေ ပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်။
Jeon Jungkook ပြန်လာတော့မယ် ၊ တကယ်ကြီးလား ၊ Park Jimin တို့ နွေလယ်ခေါင် မိုးကြိုးပစ်ခံရတာဘဲ...ဘုရား...ဘုရား....

"ကျုပ် Jungkookလေး ကြိုက်တဲ့ ဟင်းတွေမှတ်မိပါသေးတယ်တော်၊ အများကြီးကို ချက်ကျွေးပစ်မှာ"
Jimin ကသာ ကမ္ဘာပျက်နေသော်လည်း ဒေါ်လေးရင်သည် ဝမ်းသာအားရ Jungkook ကြိုက်တတ်သော ဟင်းတွေပင် ချက်ကျွေးဖို့ အစီစဉ်တောင် ဆွဲပြီးပြီ။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now