Ep 2

2.7K 124 1
                                    

Ep 2(Unicode)

မင်္ဂလာပွဲနေ့.......

သူများတွေအတွက်ကတော့ တစ်သတ်မှာတစ်ခါသာဆောင်ရသောလက်ထပ်ပွဲနေ့လေးကပျော်ရွှင်ဖွယ်အတိဖြစ်ချင်ဖြစ်လိမ့်မည်။
သို့ပေမယ့်ကျွန်တော်ကတော့မပျော်နိူင်။ဘာလို့ဆို အခုဖြစ်နေတဲ့ ကိစ္စကြီးက ကိုယ်မချစ်တဲ့သူနဲ့​
ကျင်းပရဲ့မည့်လက်ထပ်ပွဲတစ်ခုပင်။
ပြီးတော့လည်းတစ်ခါမှမမြင်ခဲ့ဖူးသော
ယောင်္ကျားလေးအချင်းချင်း။

'ဟူး........ခက်တယ် သော်တာဝေရေ.......'

နင်ကတော့အခုချိန်လေယာဥ်ကွင်းသွားနေရောပေါ့ငါကတော့......
သွင်ခက်တစ်ယောက်အရှေ့ကမာမီနှစ်ယောက်
နှင့်လိမ်လည်မှုကြီးကိုလုပ်နေရသည်ပင်။
ဟူး.....တော်သေးတယ် ဝတ်စုံကအနောက်တိုင်းဝတ်စုံမို့အောက်ပိုင်းကဂါဝန်ကအကြီးကြီးကားနေပြီး ရင်သားအတုဘဲ ထည့်ရတာပင်။မြန်မာဝတ်စုံသာဆိုရင်ဖင်အတုတွေပါထည့်နေရမှာ
ကျစ်....... သော်တာမ နင်မြန်မာပြည်ပြန်လာတဲ့နေ့ ကော်ဖီစက်ထဲထည့်ပြီးအမှုန့်ကြိတ်ပစ်မယ်။

"ဟယ် ငါ့သားလေးကမိန်းခလေးလိုပြင်မှတောင်ပိုချောနေသေးတယ်"
"ဟုတ်ပါ့ဟယ် "
ဘုရား ဘုရား သူတို့ကငါ့ကိုမသနားတဲ့အပြင်မိန်းမဇာတ်ပါသွင်းနေတယ််။
အရှေ့ကမာမီနှစ်ယောက်ကချီးမွမ်းခန်းဖွင့်နေသော်လည်းသွင်ခက်ကတော့ချွေးပြန်နေကာ......

"မာမီ ဟို ကျွန်တော့်ပုံစံကမိန်းခလေးနဲ့ရောတူရဲ့လား"
"အင်းသိပ်တူတာပေါ့သားလေးကဒီလိုတောင်
ပိုချောနေသေးတယ်"မာမီအပြောကြောင့်သွင်ခက်တစ်ယောက်ရှက်တောင်ရှက်သွားသည်။ခဏအကြာ.......

"ဟို သားကိုလေ မိတ်ကပ်ပြင်တဲ့နည်းလေးနဲနဲလောက်သင်ပေးပါအုန်းနော်ပြီးတော့ဆံပင်အတုတပ်တာရော ပြောပြအုန်းနော်ဒါမှဟိုလူကြီးရှေ့မှာလိမ်တာတွေမပေါ်မှာ နော် ဘာဘဲဖြစ်ဖြစ်ခုရက်ပိုင်းတော့ သူ့နဲ့နေရမယ်မလား"

ဟုတ်တယ် လက်ထပ်ပွဲမှာအဖြစ်မှန်မပေါ်ရင် သျှောင်နောက်ဆံထုံးပါဆိုသလို ဘာဘဲ ဖြစ်ဖြစ် ဟိုလူကြီးအိမ်ကိုလိုက်နေရမှာအသေအချာပင်။

"ဪဘာမှမဖြစ်ပါဘူး သင်ပေးရမှာပေါ့
ဒီမှာကြည့်........"
"........."သွင်ခက်လည်းအရှေ့ကနေသူ့မျက်နှာသူပြန်ဖျက်ကာမိတ်ကပ်ပြန်လိမ်းပြနေသောမာမီကိုကြည့်နေသည်။ခဏအကြာ မှတ်မိသလောက်ဖြစ်သွား၍

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now